ရီယွမ်က အားရပါးရ ရယ်မောလိုက်ပြီး ရက်ရောတယ် … “မင်းတို့ကောင်တွေ တော်တော်ရက်ရောကြတာပဲ ..မင်းတို့ရဲ့ ကြင်နာမှုအတွက် ငါအများကြီး ကျေးဇူးတင်ပါတယ် … သိကြတဲ့အတိုင်း ငါက လူသစ်တစ်ယောက်ဆိုတော့ ငါ့အတွက် အစစအရာရာ အကုန်ခက်ခဲတယ် … အခုမင်းတို့အားလုံးငါ့ကို နဂါးကြေးခွံတွေ အလိုက်သတိနဲ့ လာပေးတော့ ငါ့အရမ်းပျော်သွားပြီး ငိငိ..”

ရီယွမ်၏ စကားကို ကြားလိုက်ရသော ဟောင်ဒုန်အဖွဲ့အစည်းမှ လူများအားလုံး သွေးအန်လုမတတ် ဖြစ်သွားကြသည်။

ဒင်းက … လူသစ်မို့လို့ အစစအရာ အကုန်ခက်ခဲတယ်လို့ တကယ်ပြောလိုက်တာလား … ဘောပဲပေါ့ ….

ရီယွမ်၏ ပိုင်ဆိုင်မှုက လူသစ်များကို မဆိုထားနှင့် ၊ နှစ်ကြီး သင်တန်းသားများထက်ပင် ပိုမိုနေသေးသည်။

ရီယွမ်၏ မထီတရီ ခနဲ့တဲ့တဲ့အပြုံးကို မြင်လိုက်ရသောအခါ သူတို့အားလုံး ရီယွမ်ဆီပြေးသွားပြီး မျက်နှာကို စိတ်ရှိလက်ရှိ ထိုးကြိတ်ပစ်လိုက်ချင်သည်။ သို့သော် သူတို့ ထိုကဲ့သို့ မလုပ်နိုင်ကြပေ။

“ပြီးတော့ … သိုလှောင်လက်စွပ်လဲ ကျန်သေးတယ်နော် … မမေ့နဲ့ဦး ..”

ရီယွမ်က ဝတုတ်လေးနှင့် အခြားမြို့တော်သခင်လေး နှစ်ယောက်ကို သတိထပ်ပေးလိုက်သည်။ သူတို့ထံမှ လက်စွပ်များကို သူမယူရသေးပေ။

ဝတုတ်လေး၏ နူတ်ခမ်းက မဲ့ကျသွားသည်။ သူ၏ လက်တွင် ဝတ်ဆင်ထားသော လက်စွပ်လေးကွင်းကို တစ်ချက်ကြည့်ကာ တုန်တုန်ရီရီနှင့် ချွတ်ယူလိုက်လေသည်။

ထိုလက်စွပ်က သူ၏ အသက် ၁၂ နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် သူ၏ ကလန်မှ လက်ဆောင်ပေးထားခြင်း ဖြစ်သည်။

တိုင်အီနတ်ဘုရားမြို့တော်တွင် ယောကျာ်းလေးများ၏ မွေးနေ့များကို ဦးစားပေးကာ လက်ဆောင်ပေးလေ့ရှိကြသည်။ အထူးသဖြင့် အသက် ၁၂ နှစ် ၊ အသက် ၁၅ နှစ် ၊ အသက် ၂၀ပြည့်မွေးနေ့ များကို အလေးထားကြသည်။

အသက် ၁၂ နှစ်က ကလေးဘဝမှ လူကြီးဘဝသို့ ကြီးကောင်စဝင်လာသည့်အချိန်ဖြစ်သည်။ ထိုမွေးနေ့အတွက် အကြီးအကဲများက အထူးလက်ဆောင်များ ပေးလေ့ရှိကြသည်။

True Martial World (BOOK 15-16) Where stories live. Discover now