လူငယ်များ၏ အမူအရာကို မြင်လိုက်ရသောအခါ လီဟောင်က နူတ်ခမ်းတွန့်ကာ မဲ့ပြုံးပြုံးလိုက်မိသည်။ အဲဒီငပိန်းကောင်တွေကို တစ်ကောင်ချင်းစီ မြို့တံတိုင်းပေါ်ကနေ ကန်ချပစ်ချင်သည်။ သူရဲ့ ဒီအဖွဲ့အစည်းက အရူးအဖွဲ့အစည်းတစ်ခုလို ဖြစ်နေသည်။ ဘာမှမသိသော နလပိန်တုံးများကို အစအဆုံး သူသွန်သင်ပြနေရသည်။

ထိုလူငယ်လေးများက ရီယွမ်နှင့် ယှဉ်လိုက်ပါက ကျောက်စိမ်းနှင့် ရွံ့များသဖွယ် ရှိပေတော့မည်။ သို့သော် ထိုကောင်လေးများက အသက် ဆယ့်သုံးနှစ်ခန့်သာ ရှိသေးသဖြင့် ကလေးအတွေးသာရှိကြသည်ဆိုခြင်းကသဘာဝတစ်ခုပင်၊

သို့သော် ရီယွမ်ကတော့ ထိုသို့မဟုတ်ပေ။ ဒင်းက ကလေးစိတ်မှ မဟုတ်တာ။

ရီယွမ်က လူအများအပြား၏ စိန်ခေါ်မှုကို လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ခံခဲ့ရသည်။ သို့သော် ရီယွမ်က ထိုကိစ္စကို လုံးဝဂရုမစိုက်ပေ ။ ပုံမှန်အတိုင်း အိပ်လိုက်စားလိုက်နှင့် သူတို့ကို နည်းနည်းလေးမှ အရေးမလုပ်ပေ။

သူ့ကို လူအများက သတ်ဖြတ်ချင်နေကြသည့်တိုင် ရီယွမ်ကတော့ လူတစ်ဖက်သားကို လှောင်ပြောင်နေနိုင်သေးသည်။ ထိုအပြုအမူများက အရွယ်ရောက်ပြီးသာ တည်ငြိမ်ရင့်ကျက်နေသော လူတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။ နောက်ဆုံးတွင် ရီယွမ်၏ လှောင်ပြောင်မှုကို မခံစားနိုင်ကြသော လူငယ်များက မျက်နှာနီနီနှင့် စင်ပေါ်သို့ ခုန်တက်သွားကြသည်ကများသည်။

ထိုလူများထဲတွင် မြို့တော်သခင်လေး လေးယောက်လဲ အပါအဝင်ပင်။

သို့သော် လီဟောင်က ပြန်စဉ်းစားကြည့်လိုက်လျှင် တစ်ခုခု လွဲချော်နေသလို ခံစားလိုက်ရသည်။ ရီယွမ်က အရွယ်ရောက်လူတစ်ယောက်ကဲ့သို့ ပြုမူနေသည်ဆိုပါက အဘယ်ကြောင့် ဆေးပင်ခူးသည့်အလုပ်ကို ရွေးချယ်ခဲ့ရသနည်း။

လီဟောင်က ထိုကဲ့သို့ မသင်္ကာဖြစ်စရာများကို ရိပ်စားမိသော်လည်း ရီယွမ်၏ လှည့်စားမှုကို ခံနေရဆဲပင်။

လီဟောင်က ရီယွမ်နှင့်လောင်းကြေးထပ်ရန် သူ၏ လူငယ်များကို တွန်းအားပေးထားခဲ့သည်။ အဆုံးမဲ့ကန္တာရကြီးမှ လာခဲ့သော ကလေးတစ်ယောက်က သူတို့အဖွဲ့အစည်းနှင့် ယှဉ်ပြီး လောင်းကြေးထပ်နိုင်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် ရီယွမ်က ပွဲနှစ်ဆယ်စာအထိ လောင်းကြေးငါးထောင် တစ်ခါထဲ ပုံအောလောင်းချထားခဲ့သည်။

True Martial World (BOOK 15-16) Where stories live. Discover now