ရုတ်တရတ် ဆွဲယူခံလိုက်ရတဲ့လက်နှစ်ဖက်က နွေးထွေးမှုကိုရတယ်..
လက်ဖမိုးထက်ကို အတန်ကြာ ဖိကပ်လာတဲ့ အနမ်းတွေကြား ရှောင်ကျန့်က အသိဝင်လာချင်တယ် ထင်တယ်..

" Morning ကော.. "

အခုထိ သူ့ကိုကြည့်ရင်း ကြောင်ရပ်နေတဲ့ ကိုယ်လေးကို ရိပေါ် ဆွဲခေါ်လာပြီး ခုံမှာထိုင်ခိုင်းတဲ့အထိ မငြင်းဆန်ဘဲ တရွေ့ရွေ့တော့ ပါလာသား..

" ကောကြိုက်တဲ့ ဖက်ထုပ်ပြုတ်သွားဝယ်လာတာ.. ညကလဲ ဘာမှမစားဘဲ အိပ်ပျော်သွားတာမဟုတ်လား.. ဒါလေး ကုန်အောင်စားနော်..ကော "

" .... "

" ကိုယ်တွေလဲပူချင်နေတယ်.. ရုံးမသွားပါတော့နဲ့လား.. ကျွန်တော် ကျန်းချန်ကောကိုဖုန်းဆက်လိုက်မယ်လေ "

" .... "

" ကျွန်တော်ကိုပဲ ကြည့်မနေနဲ့.. စားတော့လေ "

လက်ထဲရောက်လာတဲ့ တူနှစ်ချောင်းနဲ့ ရှောင်ကျန့်က ပန်းကန်ထဲကို ဟိုဟိုဒီဒီမွှေနေတာကို ရိပေါ်ကဘေးက ထိုင်ကြည့်တယ်..

မင်းလဲ စားလေ လို့ပြောရမလား..
ကျေးဇူးတင်ပါတယ် လို့ပြောရမလား..
တစ်ခုခုမှားပြောမိမှာကို ရှောင်ကျန့်က ကြောက်နေတယ်..

စားနေရင်း အဲဒီလူရဲ့ နှုတ်ခမ်းထောင့်ကို သူ့လက်နဲ့ပွတ်သုတ်ပေးတိုင်း ရှောင်ကျန့်ကိုယ်လေး နောက်ကို ရို့ရို့သွားတာကို ရိပေါ်က သတိထားမိလာတယ်..
သက်ပြင်းချမိပြန်တော့လဲ ခိုးခိုးကြည့်လာတဲ့ မဝံ့မရဲ မျက်ဝန်းတွေကိုလဲ ရိပေါ်က မြင်နေရတဲ့အခါ သူ့အမှားက ကြီးသထက်ကြီးလာသလိုမျိုး..
အရင်လို မထိနဲ့ မကိုင်နဲ့ပြောလာရင်တောင် အခုလက်ရှိ လေးလံလွန်းနေတဲ့ သူ့ရင်က ပေါ့သွားမယ်ထင်တယ်..

" ကော်ဖီသောက်ကြည့်... ကောသောက်နေကျ ကော်ဖီမှုန့်ကို ကျွန်တော်ဖျော်ကြည့်ထားတာ.. "

လက်ထဲတွန်းပေးလာတဲ့ ခွက်ကို ရှောင်ကျန်က အယောင်ယောင်အမှားမှားကောက်မော့မိတဲ့အခါ ရိပေါ်ရဲ့ ပူသေးတယ် ဆိုတာကိုလဲ မကြားမိတော့..

ရိပေါ်ဘာလို့ ဒီလိုတွေလုပ်နေတာလဲ သူမသိတော့ဘူး..
အားနာလို့လား..
သနားလို့လား..

Before I Let You GoWhere stories live. Discover now