ရီယွမ်၏ ခွန်အားက သူတို့ထက်ပိုသာသည် ။ ဟုတ်တယ် … သူတို့လက်ခံပေးလို့ရတယ် .. ဒါပေမယ့် သူကိုင်တဲ့လက်နှက်ကိုလဲ ကြည့်လိုက်ပါဦး ၊ အုတ်ခဲတစ်လုံးတဲ့ …. သူ့နဲ့ယှဉ်ပြိုင်ရတာက အုတ်ခဲနဲ့ အထုခံရခြင်းနဲ့ အတူတူပဲ ဖြစ်သည်။

စစ်သည်တော်များအတွက် ပြိုင်ပွဲတစ်ခုတွင် အရှုံးနှင့် အနိုင်ဆိုတာ အမြဲဒွန်တွဲနေခြင်းမှာ မထူးဆန်းသည့်အတွက် သူတို့က အရှုံးကို လက်ခံပေးနိုင်သည် ။ သို့သော် … အရှက်ကွဲပြီးတော့ အရှုံးမခံလိုကြပေ။

အုတ်ခဲတစ်လုံးနဲ့ အထုခံလိုက်ရတာက သူတို့ကို အရှက်ခွဲလိုက်ခြင်းနှင့် အတူတူပဲ ဖြစ်သည်။

ရီယွမ်က ကောင်းကင်ဆူပူခြင်း ချိတ်တံဆိပ်ကို စင်မြင့်ပေါ်မှ ယူချသွားလိုက်သည်။

သူ့အတွက် တစ်နေ့လျှင် ၁၂ ပွဲပြိုင်ရမည်။ ဆိုလိုသည်က တစ်နာရီ ခြား တစ်ပွဲ သူတိုက်ခိုက်ရမည် ဖြစ်၏ ။ တစ်နေကုန် မိုးလင်းမိုးချုပ် ၁၂ ပွဲပြည့်အောင် သူတိုက်ခိုက်ရမည်။

သူ၏ ဒုတိယမြောက်ပြိုင်ပွဲအပြီးတွင်တော့ ပွဲကြည့်ပရိတ်သတ်များက သူ့ကို အံ့သြတကြီး ကြည့်နေကြသည်ကို ရီယွမ်ကတွေ့လိုက်မိသည်။

ရီယွမ်က သူနောက်တစ်ပွဲမစခင် အေးအေးဆေးဆေးလေး တရားထိုင်လိုက်သေးသည်။

သူ၏ နောက်ထပ်ပြိုင်ဘက်က မြို့တော်သခင်လေးယောက်ထဲမှ ဂျပုလေးပင် ဖြစ်၏။ ရီယွမ်စင်ပေါ်သို့ တက်လာခဲ့သည်ကို မြင်လိုက်ရသောအခါ ဂျပုက ဆတ်ခနဲ တုန်သွားမိသည်။ ရီယွမ်၏ လက်ထဲတွင် ကိုင်ထားသည်က အုတ်ခဲ တစ်လုံးပင် မဟုတ်ပါလား ။

ပြိုင်ပွဲမစခင် ဂျပုလေးက ရီယွမ်ကို ခပ်သုတ်သုတ်လေး လှမ်းပြောလိုက်သည်။ “ခနနေဦး … ငါမင်းကို ပြောစရာရှိတယ်…”

“အင်း … ထားပါဦး .. ဘာပြောဖို့လဲ….”

ရီယွမ်က ဂျပုလေးကို အံ့သြသင့်စွာ လှမ်းကြည့်လိုက်မိသည်။

ထိုဂျပုလေးက ပါးစပ်အပြည့် တံတွေးတစ်လုပ်ကို မျိုချလိုက်ပြီးနောက် “အဲဒါက … အဲဒါက .. မင်း…မင်းရဲ့လက်နှက်ကို ပြောင်းပေးလို့ရမလား”

True Martial World (BOOK 15-16) Where stories live. Discover now