“သ .. သခင်မ .. တစ်ယောက်ယောက်က စံချိန်ချိုးလိုက်ပြီတဲ့ ..”

“ စံချိန် အသစ်တင်လိုက်တာပေါ့ … ဟုတ်လား” … လျှိုဟွားအာက ခေတ္တမျှ ကြက်သေသေသွားခဲ့ရသည် ။

“နင် … ပြောတာက တစ်ယောက်ယောက်က စံချိန်အသစ်တင်လိုက်တာပေါ့ .. ဘယ်သူကလဲ ...ပြောစမ်း …”

လျှိုဟွားအာ၏ မျက်လုံးများက မယုံနိုင်ခြင်းများနှင့် ပြူးကျယ်လျက်ရှိကြသည် ။

တစ်ခုခုများ မှားနေတာလား … တိုင်အီနတ်ဘုရားမြို့တော်တွင် မည်သူမှ စံချိန်မချိုးနိုင်ခဲ့သည်မှာ နှစ်ပေါင်းထောင်ကျော်နေပြီ မဟုတ်ပါလား .. သူမက ယခုမှ တစ်ခုနှစ်ခုလေး ချိုးမလို့လုပ်တုန်း ရှိသေးသည် …တစ်ယောက်ယောက်က သူမကို ကြောသွားသည်တဲ့လား ..  ဒါ .. ဘယ်လောက်အထိ တိုက်ဆိုင်လိုက်တာလဲ …

“ဟုတ် … ဟုတ် .. အဲဒီလူနာမည်က ရီယွမ်ပါ .. သူက ဆေးပင်ခူးတဲ့နေရာမှာ စံချိန်ချိုးလိုက်တာပါ .. ဒုံအာစိတ်ထင်တော့ သူအခုမှ အသက် ၁၂ နှစ် ၁၃ နှစ်လောက်ပဲ ရှိဦးမယ်လို့ထင်တယ် …”

“ ရီယွမ် လား … ဟိုတစ်လောက ကံကောင်းပြီးတော့ ရှေးဦးမူလဆေးပင်ကို ခူးနိုင်ခဲ့တယ်ဆိုတဲ့ တစ်ယောက်လား” .. ရီယွမ်က ကံကောင်းထောက်မစွာဖြင့် ခရမ်းရောင်ကောင်းကင် ဂျင်စင်းကို ခူးနိုင်ခဲ့ပြီး သေဘေးမှ သီသီလေး လွတ်ခဲ့သည်ကို သူမကြားခဲ့ရသည် ။

ရီယွမ်၏ ကံကောင်းမှုကို သူမလုံးဝ မနာလိုပေ … သူမကျတော့ ဘာဖြစ်လို့ မရတာလဲ .. ခရမ်းရောင်ကောင်းကင် ဂျင်စင်းနှင့်ဆိုပါက သူမကောင်းစွာလေ့ကျင့်နိုင်လိမ့်မည် ဖြစ်သည် ။ ထိုအရာက ရှေးဦးမူလ ဆေးပင်ဖြစ်ပြီး သူမအနေနှင့် ရှေးဦးမူလဆေးပင်ကို သုံးပြီး တစ်ခါမှ ဆေးမဖော်စပ်ခဲ့ဖူးပေ ….

သို့သော် … ရက်အနည်းငယ်အတွင်းမှာပင် ရီယွမ်က ဆေးပင်ခူးသည့် စံချိန်ကို ထပ်ချိုးလိုက်ပြန်သည် ။

လျှိုဟွားအာ အတော့်ကို ပေါက်ကွဲနေလေသည် ။ ရီယွမ်၏ နောက်မှ စံချိန်ချိုးလိုက်မည်ဆိုပါက သူမကို မည်သူမှ အထင်ကြီးကြတော့မည် မဟုတ်ပေ ….

True Martial World (BOOK 15-16) Where stories live. Discover now