Player ID_0019.
Name_SW.
Skill_ Lazy. "
Next Part Trailer ~
မိတ်ဆက်ပေးပြီးသားလေ။ ဘာမှလုပ်စရာမရှိဘူး။ }
Start Date_10.3.2020.
End Date_
Unicode Version
စစ်ဝူ ပျင်းနေ၏။ စာမေးပွဲလည်းပြီးရော ကျောင်းလည်း ပိတ် ၊ ကျူ ရှင်လည်း ပိတ်။
ဆိုတော့ကား " ပျင်းတယ် " ဟုအသံဆိုးကြီးနဲ့ အော်ဟစ်ကာ သူကိုယ်တိုင်ကလည်း
ဘာမှ ထမလုပ်။
စစ်ဝူ ဘယ်လောက်ထိ ပျင်းသလဲဆို အိပ်ရာထနောက်ကျလွန်းလို့
မနက်စာကိုတောင် နေ့လည်စာနဲ့ ပေါင်းစားတာမျိုး။
သူ့အဖေနဲ့အမေကတော့ မနိုင်တော့လို့ စစ်ဝူကို လွှတ်ထားလိုက်ရတော့သည်။
" မင်္ဂလာပါ။ host. "
စစ်ဝူ ဘယ်ကမှန်းမသိတဲ့ စက်ရုပ်လိုအသံကြီးကြောင့် လန့်ဖြန့်သွားရသည်။
သရဲများ ခြောက်တာလား ! ဒါမှမဟုတ် ဟိုမအေဘေး သူငယ်ချင်းကောင်တွေပဲ
စတာလား !
" ကျွန်တော်က Bone-lazy system 001 ပါ။ host ရဲ့ပျင်းတယ်ဆိုတဲ့
စကားသံကြောင့် ဒီကိုရောက်လာခဲ့တာပါ။ "
စစ်ဝူ အခုမှ နည်းနည်းအကြောက်ပြေသွားသည်။ ဒီလိုမျိုးတွေက သူ့သူငယ်ချင်းမ
ဖူဂျိုရှီ တရုတ်မ ဟွားဟွားဆီမှာ ကြားဖူးနေကျ။
" အဲ့တော့ ငါက ဘာလုပ်ရမှာလဲ ။ လက်ခလယ်ပဲယူ ။ ကွကိုယ် ပျင်းလို့
ပျင်းတယ်အော်နေတာကို system ကလာရသေးတယ်လို့။ "
system ကစိတ်တိုသွားဟန်ဖြင့် " host တစ်ယောက်တည်း ပျင်းတာမဟုတ်ဘူး။
ကျွန်တော်လည်း ပျင်းတာပဲ။ အခုတောင် system ရုံးချုပ်က ဋ္ဌာနမှူးရဲ့
အမိန့်ကြောင့်သာ host ကိုလာခေါ်တာ ! "
ဆောင့်ကြီးအောင့်ကြီးနဲ့ပြောချလာတဲ့ system ကြောင့် စစ်ဝူလည်း အိပ်ရာထက်မှာ လဲနေရင်း မျက်လုံးလေးကလယ်ကလယ်နှင့်
မမြင်ရတဲ့ system ကို * system ကသောက်ချေကြီးဟ * ဟုတွေးမိသည်။
" အဲ့တာဆို ငါ....သေသွားမှာလားဟင် ? " အဖျားတို့ တုန်ခတ်ကာ မေးသံလေးကြောင့် system လည်းစိတ်ပြေသွားပြီး
" သေတော့မသေပါဘူး။ မစ်ရှင်မပြီးရင် အဲ့ပုံရိပ်ယောင်ကမ္ဘာတွေမှာ တစ်သက်လုံး
နေရရုံလေးပါဘဲ ။ "
စစ်ဝူ စိတ်အေးသွားမည်ကြံကာ ရှိတုန်း system ရဲ့နောက်ဆက်တွဲစကားကြောင့်
" ဘာ ! "ဟုထအော်လိုက်သည်။
black hole တစ်ခုက ရုတ်တရက် စစ်ဝူအိမ်ထဲသို့ ပေါ်ပေါက်လာကာ
" ငြင်းဆန်ခွင့်မရှိပါ။ သတ်မှတ်ချက်ကို စတင်အသက်သွင်းပါပြီ။
Player ID_0019.
Name_SW.
Skill_ Lazy. "
စစ်ဝူမှာတော့ system ကိုကျိန်ဆဲရင်း black hole ထဲသို့ အတင်းအဓမ္မ
၀င်ခိုင်းခြင်း ခံရလေတော့သည်။
" သောက်မအေဘေး system.ငါ ပြန်ရောက်လာရင် မင်းကို အမှုန့်ကြိတ်ပြီး
ရေနဲ့ဖျော်သောက်ပစ်မယ် ! ဗြဲ ။ ငါ့ရဲ့နွေရာသီအားလပ်ရက်လေးတွေတော့
ဘိုင့်ဘိုင် လုပ်ရပါပြီ ! "
Next Part Trailer ~
"ေ_ာ system ! ဘာလုပ်ရမှာလဲ မပြောဘဲ ငါက ဘာလုပ်ရမှာလဲ ! "
{ ကျွန်တော်တို့ system နာမည်ကိုက bone-lazy system လို့ host ကို
မိတ်ဆက်ပေးပြီးသားလေ။ ဘာမှလုပ်စရာမရှိဘူး။ }
" ဘာ ! ဒါဆို ငါ့ကို ဘာလို့ခေါ်လာသေးလဲကွ ! ချီးဘဲ ! "
Start Date_10.3.2020.
End Date_
[ Su Hua Note_ ဒီ fic ကို villain game arc 2 ပြီးမှ ရေးဖြစ်မှာပါ။
ပြီးတော့ fic တွေအကုန်လုံးကို ဒီနေ့ကစပြီး ရပ်နားထားပါပြီ။
4 လပိုင်း 2021 လောက်ကျမှ ဟွား acc ပြန် active ဖြစ်မှာပါ။
ဒါက Translation မဟုတ်လို့ RL Name တွေ မှားမထည့်ကြပါနဲ့။
ကိုယ် မကြိုက်ပါဘူး။ Translation ထင်ရင်လည်း
မူရင်းကို ရအောင် ရှာပြီးဖတ်ပါ။ ပြောစရာရှိတာကတော့ ဒါအကုန်ပါဘဲ။ ]
YOU ARE READING
BONE-LAZY SYSTEM [ Owncreation ]
Fantasyပ်င္းပါတယ္ဆို ဒီ system ကငါ့ကို နွိပ္စက္ေနတာဘဲ! ပျင်းပါတယ်ဆို ဒီ system ကငါ့ကို နှိပ်စက်နေတာဘဲ! *Owncreation* *Not Myanmartranslation* Start Date_21.3.2020.
Intro
Start from the beginning
![BONE-LAZY SYSTEM [ Owncreation ]](https://img.wattpad.com/cover/216366634-64-k347345.jpg)