Mine-16

1.2K 120 20
                                    

(ZawGyi Ver)

ကား​ပေါ်ကဆင်း​တော့နန်း​တော်​ကြီးလိုခမ်းနား
နေသည့်​အိမ်​ကို​တွေ့သည်​။ ည​မီး​ရောင်​စုံ​အောက်​မှာ​တောက်​ပ​နေသည့်​ရေပန်း​တွေ၊ ပန်းခင်း​တွေ ၊
အထပ်​ထပ်​​လုပ်​ထားသည့်​နား​နေရန်​ခုံ​လေး​တွေက
Hotelထက်​​တောင်​သာမည်​ထင်​..။ ။

"မဝင်​ပဲနဲ့ဘာရပ်​လုပ်​​နေတာလဲ!!
Do kyungsoo!!"

"ဒါဘယ်​သူ့အိမ်​လဲ?"

"ကိုယ့်​အိမ်​​လေ"

"ဘာ!!!"

ကျွန်​​တော်​ပါးစပ်​အ​ဟောင်းသားဖြစ်​သွားသည်​။
ဒါဆိုKim KaiကFrenchမှာအိမ်​တစ်​လုံး...
Koreaမှာအိမ်​တစ်​လုံး...ရှိတာ​ပေါ့!! Model
တစ်​​ယောက်​ဝင်​​ငွေကအဲ့​လောက်​​တောင်​များလား?
Frenchကအိမ်ကလဲပြင်​ဆင်​ထားတာအမိုက်​စား၊
အခုKoreaကအိမ်​ကအပြင်​ကကြည့်​တာ​တောင်
ခမ်းနားလွန်းသည်​။ ။အားပါးပါး...ကျွန်​​တော
်​Chefမလုပ်​ပဲ!! Modelလုပ်​သင့်​တာ!!

"အင့်​...Kai..."

တစ်​​ယောက်​တည်းအ​တွေးဝင်​ကမ္ဘာထဲနစ်​​မြော
နေတုန်းKaiကအနားလာ​ရောက်​ပြီးလက်​ကိုဆွဲ
ကာ​ခေါ်သွားသည်​။ ခြေလှမ်းကျယ်​ကြီး​တွေနဲ့
အမြန်​​လျှောက်​​နေတာမလို့​အ​နောက်​ကယက်​ကန်
ယက်​ကန်​ဖြင့်​လိုက်​ရသည်​။

"ငါ​မော​နေပြီ!!Kim Kai!!
ဖြေး​ဖြေး​လျှောက်​!!"

အဲ့​တော့မှ​အ​နောက်​ကိုလှည့်​လာပြီး​ချွေး​တွေစို​နေတဲ့
ကျွန်​​တော့်​ကိုတစ်​ချက်​ကြည့်​ကာ​စိတ်​မရှည်​သည့်
ပုံစံဖြင့်​​​ပွေ့ချီလိုက်​သည်​။ ခြံထဲမှာတစ်​ခြားလူကြည့်
မှာ​ရော၊အဲ့လိုအချီခံရတာ​ရော၊မကြိုက်​တာ​ကြောင့်
သူ့ကိုယ်​​ပေါ်က​နေရုန်းမိသည်​။ Kim Kaiက​တော့
ဖြုံ​တောင်​မဖြုံ...။ ။အေး​ဆေး​ဆက်​​လျှောက်​​နေသည်​။
အိမ်​​ရှေ့တံခါးဆီ​ရောက်​မှကျွန်​​တော့်​ကို
ှပြန်​ချ​ပေးသဖြင့်ရုန်းထားလို့တွန့်​​ကျေ​နေတဲ့
အင်္ကျီ်​အားသပ်​သပ်​ရပ်​ရပ်​ဖြစ်​​အောင်​ဆွဲချပြီး
အခန်းထဲဝင်​လိုက်​သည်​။

ဧည့်​ခန်းမှာKaiဆိုတဲ့နာမည်​ကို​ရွှေနဲ့ထွင်းထားသလို
အကြီးကြီးချိတ်​ထားသည်​။ ပြီး​တော့ဖန်​နဲ့လုပ်​ထား
သည့်​အိုး​လေး​တွေ...​ဈေးကြီးမှန်းသိသာလှသည်​။
ဒါပင်​မဲ့ထူးခြားတာတစ်​ခုက အခန်းထဲမှာ
ဘယ်​သူမှမရှိ...။ အိမ်​​တော်​ထိန်းလဲမရှိ၊
အလုပ်​သမားလဲမရှိ ။

Mine(Kaisoo Yaoi)Where stories live. Discover now