Mine-14

1.3K 117 22
                                    

(ZawGyi Ver)

"ဘာ...ဘာလုပ်​မလို့လဲ...
Kim Kai!!"

"မင်းပဲကိုယ့်​ကိုမ​ကြောက်​ဘူးဆို
အဲဒါ​ကြောင့်​ ​ကြောက်​​အောင်​....."

သူကမျက်​နှာနားထပ်​ကပ်​လာပြီးကား​ခေါင်​မိုးကို
လက်​တစ်​ဖက်​​ထောက်​ထားသဖြင့်​ ကျွန်​​တော်​က
သူ့ရင်​ခွင်​ကြားညှပ်​​နေသည်​။

Kaiရဲ့စူးရှလွန်းတဲ့အညို​ရောင်​မျက်​ဝန်းတို့က
ကျွန်​​တော့်​ကို​ခြေဆုံး​ခေါင်းဆုံးကြည့်​​နေပြီး
နှုတ်​ခမ်းတို့ကတွန့်​​ကွေးရုံ​ပြုံးသွားတာ​ကြောင့်
မျက်​​မှောင်​ကြုံလိုက်​သည်​။ သူ့အပြုံးက
လှောင်ပြုံးလိုပဲ...ကျွန်​​တော်​ဒီညအိတ်​ဝတ်​စုံ
ဝတ်​ထားတာကြည့်​မ​ကောင်းလို့လား?

"လှတယ်​...ချစ်​ဖို့​ကောင်းတယ်
Do kyungsoo"

ခပ်​သြသြအသံနဲ့တစ်​လုံးချင်း​ပြောတာ​ကြောင့်
ကျွန်​​တော်​မျက်​နှာရဲတက်​လာသည်​။ ။ရူး​နေပြီ။
ချစ်​ဖို့​​ကောင်းတယ်​လို့​ပြောရင်​​ဒေါသထွက်​လွန်းလို့​အသေလိုက်​ရိုက်​တက်​တဲ့လူကအခု
ဘာဖြစ်​​နေတာလဲ? ရင်​ဘတ်​ထဲမှာ
တဒိတ်​ဒိတ်​~~~တဒုန်းဒုန်းး
တဒိန်းဒိန်းနဲ့!!ဘာဖြစ်​​နေမှန်းမသိဘူး။

"ငါ​​အေးလာပြီ...ကားထဲဝင်​​တော့မယ်
Kim Kai..."

"​နေဦး"

ရုတ်​တရက်​သူကကျွန်​​တော်​​ရှေ့တွင်​ဒူးတစ်​ဖက်
ထောက်​ထိုင်​လိုက်​တာ​ကြောင့်​အ​နောက်​ဆုတ်
လိုက်​သည်​။

"ခဏ​လေးငြိမ်​ငြိမ်​​နေ​ပေး
Do kyungsoo"

ဘောင်းဘီရှည်​​နေလို့​အောက်​ကိုအနည်းငယ်​ပုံ​နေ
တာကိုKim Kaiက​ခေါက်​တင်​​ပေးပြီး​​Kလို့ထွင်းထားတဲ့တလက်​လက်​​တောက်​​ပ​နေသည့်​Foot Chain​လေးကိုကျွန်​​တော့်​​ခြေ​ထောက်​​ပေါ်တွင်
လာချည်​​ပေးသည်​။ ကြိုးတစ်​​ချောင်းလုံးမှာ
Kဆိုသည့်​စာလုံးကတစ်​ခုတည်းရှိပင်​မဲ့
ထင်​ရှားစွာ​ပေါ်​နေသည်​။ ။

"မင်း​ခြေ​ထောက်​​လေးနဲ့
အရမ်းလိုက်​တယ်​"

သူကပြောရင်းပြန်​ထလာပြီး​ကြိုး​လေးကိုငုံကြည့်​​နေ
တဲ့ကျွန်​​တော့်​မျက်​နှာကို​ဆွဲ​မော့ပြီးအ​ပေါ်နှုတ်​ခမ်း
ကိုထိကပ်​ရုံနမ်းသည်​။ အချိန်​ကြာစွာနမ်းပြီးမှ
ကားထဲဝင်​သွားသည်​။ အဲ့အချိန်​ထိကျွန်​တော်
ဘာစကားမှမ​ပြောနိုင်​~~~တစ်​ခွန်းမခံပြန်​​ပြော
ဖို့အားမရှိသလိုခံစားရသည်​။

Mine(Kaisoo Yaoi)Where stories live. Discover now