စိတ်မချချင်ဘူး..
လူတွေနဲ့တရင်းတနှီးမနေတတ်တဲ့သူမှန်းသိတာတောင် ရိပေါ်က အူတိုချင်တယ်..
အခုလဲ ရှောင်ကျန့်နဲ့ယှဉ်လျက်လျှောက်လာတဲ့ လူလတ်ပိုင်း ယောက်ျားတယောက်ကိုမှ ရွေးပြီး မျက်စိက တန်းမြင်ပြန်တယ်..သူ့ကျန့်ကောနား လိုတာထက်ပိုကပ်နေတဲ့ ထိုလူက တခါတခါ အနား ဖြတ်လျှောက်တဲ့ အပြင်လူတွေနဲ့မထိအောင် ကွယ်ပေးနေသလိုမျိုးလဲ ပြုမူနေသေး..
ဒါတွေကို တခြားသူတွေနဲ့ စကားပြောနေတဲ့ ရှောင်ကျန့်က မသိပေမယ့် ရိပေါ်က မြင်နေရတယ်..ဘယ်သူလဲ
ဘာလဲ
ဘယ်လိုပတ်သတ်လဲ
မသိချင်မှန်းသေချာနေရဲ့နဲ့ မေးခွန်းတွေက လှိုက်တက်လာတယ်..ပြန်သွားတဲ့ လူတွေထဲ အဲဒီတယောက်က မပါသွားဘဲ ရှောင်ကျန့်ဘေးမှာ တူတူရပ်ကျန်နေခဲ့ပြီး ပြပွဲရှိရာအခန်းဆီ လျှောက်လာကြတဲ့အထိကို အတူတူ..
" ကော "
တံခါးနားမှာ ဆုံတော့ ရှောင်ကျန့်က အသိအမှတ်ပြုရုံလေးပြုံးတယ်...
ဘာကြောင့်မှန်းမသိပေမယ့် သူ ပြန်မပြံုးဖြစ်ဘူး...အဲဒီလူနဲ့ ပတ်သတ်လို့ တယောက်ယောက်နဲ့ ယှဉ်မိတိုင်း ကိုယ့်နေရာကိုယ် ပြန်တွက်ချက်နေမိတဲ့ အကျင့်ကို သူ ဖျောက်ပစ်ဖို့ လိုအပ်နေပြီထင်တယ်..
" ဝင်နှင့်တာမဟုတ်ဘူး "
" အင်း..ခင်ဗျားကိုစောင့်နေတာ "
" ဟေး.. ရှောင်း "
ဝင်ပြောလာတဲ့စကားသံအရ လူမျိုးခြားဖြစ်မှန်းသိသာတဲ့သူက သူနဲ့ ရှောင်ကျန့်ကြား အပိုလူ မဖြစ်ချင်ပုံရတယ်....
ရူတို လို့ခေါ်တဲ့အဲဒီလူကဂျပန်လူမျိုး ဆိုပြီး ရှောင်ကျန့်က မိတ်ဆက်ပေးလာတယ်..
ပန်းချီဆရာဖြစ်တဲ့အပြင် ဒီပြပွဲမှာလဲ ပါဝင်ထားသေးတဲ့သူက ဂျပန်ထိ ဆက်ခေါ်သွားမယ့် ပြပွဲကိုစီစဉ်ဦးဆောင်မယ့်သူလဲဖြစ်ပြန်တယ်..
ပြီးတော့.. ရှောင်ကျန့် ကျောင်းတုန်းက သူငယ်ချင်းလဲ ဖြစ်သတဲ့.." ဒါက ဝမ်ရိပေါ် တဲ့.. ငါ့မိတ်ဆွေ"
အပြုံးတွေက သိပ်မရေရာချင်ဘူး...
ဘာမှမမျှော်လင့်ထားတာတောင် တန်းတူဖြစ်သွားတယ်ဆိုတဲ့ အသိကြောင့် သူ့ကိုယ်သူ အားနာသွားမိသလိုပဲ ...
YOU ARE READING
Before I Let You Go
General Fictionခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.
. 20 .
Start from the beginning