"အဲ့တာပဲ​​ပေါ့ ဆရာဝန်​လေးရဲ့ ချစ်ခြင်းအစရန်ဖြစ်ခြင်းကတဲ့"

"ဟင် အ​ဒေါ်ကလည်း 'မုန်းခြင်းက​တော့' လုပ်ပါဗျာ ဟင်း ဟင်း"

အ​ဒေါ်ကြီးကရှောင်ကျန့်ကိုပြုံးပြုံး​လေးကြည့်ကာ

"သားတို့က တစ်​ယောက်နဲ့တစ်​ယောက်မုန်း​နေကြလို့လား ​​ပြောပါအုံး"

ရှောင်ကျန့်သွေး​ပေါင်ချိန်​နေရင်းလက်တို့ရပ်တန့်သွားတယ်

ဟုတ်တယ် ငါတို့ကတစ်​ယောက်ကိုတစ်​ယောက်မုန်း​နေကြတာလား
ငါ့ဘက်က​တော့ ​သေချာတယ် သူ့ကိုမမုန်းဘူး
ဒီအတိုင်းသ​ဘောမကျရုံ​​လေး
ဒါဆို ခင်ဗျားက​ရော...

"ဆရာဝန်​လေးတို့က ကိုယ်ရဲ့စိတ်ကိုညာ​နေကြတာ ​သေချာပြန်စဉ်းစားကြည့်ပါ အမှန်ကိုမြင်လာပါလိမ့်မယ်.."

ရှောင်ကျန့်ပြုံးပြလိုက်ပြီး

"​ကျေးဇူးပါအ​ဒေါ် "

အ​ဒေါ်ကြီးက​တော့​ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်သာ 'ရပါတယ်'လို့ခပ်တိုးတိုးဆိုလိုက်လေသည်။

ကိစ္စ ဝိစ္စ ပြီးသွား​တော့ နာရီကြည့်လိုက်တာ ည​​နေ ၃ နာရီတီးပြီ
လူနာ​တွေကတစ်​ယောက် ၂​ယောက်​လောက်ကျန်​သေးတယ်

ဒါပြီးရင်​တော့ အိမ်ပြန်ရမယ် ဟူးးး

အိမ်ပြန်မယ် ဆိုမှသတိရသွားတာက ဟိုလူကြီး

ရှောင်ကျန့်က​နေ့လည်စာကို​ဆေးခန်းမှာပဲ မုန့်စားလိုက်​ပေမယ့် အိမ်ကလူကြီးက စားပြီးလားမပြီး​သေးလားကိုမသိ​သေးဘူး

"ဒုက္ခပဲ သွားပြီ သွားပြီ
ဒီ​​နေ့ ​မေ​မေတို့ကဟိုဘက်ရွာကိုသွားတာည​နေမြှပန်​ရောက်မယ်လို့ငါ့ကို​ပြောသွားတာကို ​မေ့​နေတာ
ဟိုလူ ဘာ​တွေနဲ့စားမလဲ မသိဘူး
စား​တောင်စားပြီးပါ​​​သေးလား သူ့အနာနဲ့​လမ်း​လျှောက်လို့လည်းရမှာ မဟုတ်ဘူး ဒုက္ခပဲ
ငါကလည်းဘာ့လို့​​မေ့​နေမှန်းကိုမသိဘူး
မဖြစ်ဘူး အိမ်ပြန်ရမယ်"

ရှောင်ကျန့်အမြန်ထကာပြန်ဖို့လုပ်​တော့ nurse မ​လေးက

"ဆရာ လူနာ​တွေကျန်​သေး..."

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now