Ep-4

107 19 4
                                    

Zawgyi

အ​မှောင်​ထဲ ​လျှော်​ရင်း​လျှောက်​ရင်း
အလင်းတန်း​လေးတစ်​ခုကို​တွေ့လိုက်​တယ်
ထူးဆန်းတယ်​ဆိုပြီး
သူအလင်းတန်း​လေးရှိရာကို ​လျှောက်​လာတယ်

__________________________

နေ့လယ်​ထမင်းစားပြီးချိန်​ ​ဟောက်​ရွှမ်း စာကြည့်​တိုက်​သို့လာခဲ့သည်​ ။ စာအုပ်​ငှါး​ကောင်​တာနားက notice board နားသွားကာ ဟိုရှာသည်​ရှာ လုပ်​​နေသည်​ ။
သူ တစ်​ခုခုကို စိတ်​ပျက်​သွားသည်​ ။ ​လေပူတစ်​ချက်​မှုတ်​ထုတ်​ရင်း သူလှည့်​ပြန်​​တော့မည်​အပြု

" ​​ဟောက်​ရွှမ်း ဘာလာလုပ်​တာလဲ "

စုန့်​ကျိရန်​လက်​ထဲမှာ စာရွက်​တစ်​ရွက်​နှင့်
ထိုစာရွက်​ကို notice board မှာပင်​အပ်​​လေး​တွေနှင့်​ထိုးလိုက်​သည်​ ။
သူထိုစာရွက်​ကို တစ်​ချက်​​စောင်းကြည့်​ပြီး သူ့နာမည်​ရှာလိုက်​သည်​ ။

"​ဟောက်​ရွှမ်း ၊ ​သောကြာ​နေ့ ၊ တာဝန်​   မင်းအချိန်​လာကြည့်​တာမလား မင်းရယ်​ ငါရယ်​ ကျီလိရယ်​ သုံး​ယောက်​ အတူတူပဲ "
" မင်း​ပြေးလို့မရ​အောင်​ ငါနဲ့ထားတာ မလာရင်​ ဒဏ်​​ကြေးပဲ"

" ဘယ်​သူက​ကော မလာဘူး​ပြောလို့လဲ "

သူကသာ အနိုင်​ပိုင်း​ပြောပြီး ​ကျောင်းခန်းထဲသို့​ပြန်​လာခဲ့သည်​ ။

အရင်​က ​ခြောက်​ကပ်​​နေ​သော သစ်​ပင်ကြီးတွင်​ ပုရစ်​ဖူး​လေးများထွက်​စီလာသလို သူ့ရင်​ထဲတွင်​ တစ်​စတစ်​စ လန်းဆန်းလာခဲ့သည်​ ။ စိုပြည်​လာခဲ့သည်​ ။

_______________________

အစ်​ကို စုန့်​ကျိရန်​က စာဖတ်​အားသန်​တယ်​။ မှတ်​လဲမှတ်​မိနိုင်​တယ်​ ။ အသစ်​ထွက်​တဲ့ စာအုပ်​​တော်​​​တော်​များများ သူရှာဖတ်​တယ်​ ။ သူစာဖတ်​​နေတဲ့အချိန်​ဆို အတိတ်​ဆိတ်​ဆုံးပဲ ။ ဒါကလည်း ကျွန်​​တော့အကြိုက်​ဆုံးပဲ ။ မဟုတ်​ရင်​ ကျွန်​​တော်​နားပူတယ်​ ။

အဲ့​သောကြာ​နေ့တုန်းက အစ်​ကို စုန့်​ကျိရန်​က စာအုပ်​စဉ်​ပုံစဉ်​နည်း ၊ စာအုပ်​ငှါးရင်​ မှတ်​ပုံမှတ်​နည်း​တွေ ဘယ်​လိုင်းက ဘယ်​လိုစာအုပ်​​တွေကို ရှင်းပြ​ပေးသည်​ ။
ဒီခု​တော့ ကျွန်​​တော်​ ​စာကြည့်​တိုက်​မှာ အလုပ်​လုပ်​တာ တစ်​လရှိပြီ ။ တစ်​လအတွင်းမှာ ဖတ်​ခဲ့တဲ့ စာအုပ်​​တွေကို ​ဝေမျှဖို့်​ ဒီ​နေ့စ​နေ​နေ့ ​ကျောင်းမှာ ချိန်းထားတယ်​ ။ သူသပ်​သပ်​ရပ်​ရပ်​ဖြီးလိမ်းပြီး ​မေ​မေ့ကို နှုတ်​ဆက်​ကာ ထွက်​လာခဲ့တယ်​ ။

You've reached the end of published parts.

⏰ Last updated: Mar 07, 2020 ⏰

Add this story to your Library to get notified about new parts!

Sweet School lifeWhere stories live. Discover now