Ep-1

191 18 0
                                    

Zawgyi

တိတ်​ဆိတ်​​နေ​သော သူ့ဘဝတွင်​ အမြဲတမ်း တစ်​ခုခုမှား​နေတယ်​လို့ ထင်​​နေတဲ့သူ
ဖေ​ဖေ​မေ​မေရှိ​ပေမယ့်​ အချစ်​မခံရသူ
သူဒီလို ဘဝကြီးကိုလည်း ဆု​တောင်းခဲ့မှာမဟုတ်​ဘူးလို့လည်း အမြဲ​တွေး​နေတဲ့သူ

" ​ဟောက်​ရွှမ်း​လေး ဒီ​နေ့စာ​မေးပွဲရှိတယ်​ဆို ​ကောင်း​ကောင်း​ဖြေခဲ့​နော်​ "

ခေါင်းတစ်​ချက်​သာ ငြိမ့်​ပြပြီး ထမင်းစားပွဲမှ ထလာခဲ့သည်​။
မေ​မေက​တော့ ​နေ့လည်​စာဖို့ ပိုက်​ဆံ​​ပေးသည်​။
ဖေ​ဖေက​တော့ သတင်းစာအကြည့်​မပျက်​။
ဒါနဲ့ပဲ သူ​ကျောင်းသို့ ထွက်​လာခဲ့​တော့သည်​။

သူ့ဘဝသည်​ ဆိတ်​ငြိမ်​​အေးချမ်းသာ မဟုတ်​ဘဲ ​ကြောက်​စရာ​ကောင်း​လောက်​​အောင်​ တိတ်​ဆိတ်​​နေခြင်းပင်​ဖြစ်​သည်​။ အ​ပေါင်းအသင်းလုပ်​မည့်​သူ သူငယ်​ချင်းမရှိ ။
ဘောင်းဘီအိပ်​ကပ်​ထဲမှ သကြားလုံးတစ်​ခုကို ထုတ်​လိုက်​သည်​။ ပါးစပ်​ထဲထည့်​ငုံရင်း ​ကျောင်းသို့ ​ဖြေး​ဖြေးသာ ​လျှောက်​လာသည်​။ ​ကျောင်း​ပေါက်​နား​ရောက်​​တော့ အ​နောက်​ကဝင်​တိုက်​လာတဲ့သူတစ်​​ယောက်​။

" ​​sorry sorry ဝမ်​​ဟောက်​ရွှမ်း "

သူ ​ခေါင်းတစ်​ချက်​သာ ငြိမ့်​ပြလိုက်​သည်​။

" ဝမ်​​ဟောက်​ရွှမ်း အစ်​ကိုတို့ စာ​ပေကလပ်​ထဲ မဝင်​ချင်​ဘူးလား "

" ​တောင်းပန်​ပါတယ်​ ကျွန်​​တော်​ စိတ်​မဝင်​စားလို့ "

" အာရား... စိတ်​မဝင်​စားလဲ ကလပ်​တစ်​ခုခုထဲ ဝင်​ထား အမှတ်​ရတယ်​​လေ ဝင်​မှာလား ဟမ်​ "

" ကျွန်​​တော်​........"

" ကျိရန်​ မင်းက​ ​တော်​​တော်​ တစ်​ကိုယ်​​ကောင်းဆန်​တဲ့​ကောင်​ပဲ "

" ​ပေါဝမ်​  ဒီမှာ ငါ ဂျူနီယာ​လေး ​ဟောက်​ရွှမ်းကို ကလပ်​ဝင်​ဖို့​ပြော​နေလို့ "

" ​တော်​စမ်းပါ သူက​ကော ဝင်​မှာတဲ့လား "

ဟောက်​ရွှမ်း ​ခြေလှမ်းတို့ ရပ်​လိုက်​ရင်း

Sweet School lifeWhere stories live. Discover now