Ep-2

120 17 3
                                    

Zawgyi

အလားတူ မနက်​ခင်း သုံး​ရောက်​​မြောက်​​နေ့မှာ​တော့ ဝမ်​​ဟောက်​ရွှမ်းတစ်​​ယောက်​ နားပူလာ​လေပြီ။ မနက်​ခင်းမ​တွေ့​အောင်​ ​ရှောင်​​သော်​လည်း ထင်း​ခွေမကြုံ ​ရေခပ်​ကြုံ ဖြစ်​ရ​ချေသည်​။ ​ရှောင်​​ပြေး၍ မရ​တော့သည့်​အဆုံး စာ​ပေကလပ်​ရှိရာ စာကြည့်​တိုက်​သို့ ထွက်​လာခဲ့သည်​။ ​နောက်​ member form တစ်​ရွက်​ယူကာ ဖြည့်​လိုက်​သည်​။
ကဲ ဒါဆို ပြီးပြီမလား ။

" ဝမ်​​ဟောက်​ရွှမ်း..."

လှည့်​ကြည့်​စရာမလိုဘူး ။ အဲ့ဒါ စုန့်​ကျိရန်​ပဲ ။
သူကြား​ပေမယ့်​ လမ်း​လျှောက်​မပျက်​ ။ ခပ်​သွက်​သွက်​​တောင်​ ​လျှောက်​လိုက်​​သေးတယ်​ ။ ဘာလို့ဆို အဲ့အစ်​ကိုက နားပူ​အောင်​ မတရားလုပ်​တာ ။ သူ့​ဘေးမှာ​နေတဲ့ အစ်​ကို လီ​ပေါဝမ်​​တော့ ဘယ်​လို​နေမယ်​မသိ ။

" ဂျူ နီယာ​လေး ​ဟောက်​ရွှမ်း
စီနီယာကို နှုတ်​ဆက်​တာကို မကြားချင်​​ယောင်​​ဆောင်​ရင်​ ဘာဖြစ်​မယ်​ထင်​လဲ "

သူ ဘာမှ ပြန်​မ​ဖြေမိ ။ သူနဲ့လည်း စကားဆယ်​ခွန်း ပြည့်​​အောင်​ ​ပြောဖူးကြသူ​တွေမဟုတ်​ ။ သူ့​ပခုံး​ပေါ် တင်​ထား​သော ထိုသူ၏ လက်​​တွေကိုတစ်​ချက်​ကြည့်​လိုက်​သည်​။ 'သူတို့ဒီ​လောက်​ ရင်းနှီးကြသူ​တွေမဟုတ်​တာ​ကြောင့်​ မကြိုက်​တဲလ အကြည့်​ '
ထိုအနှီ စုန့်​ကျိရန်​လို လူမျိုးကလည်း ရွဲ့လုပ်​သည့်​​နေရာမှာ တစ်​ဘက်​ကမ်းခတ်​ ။ ပခုံးမဟုတ်​​တော့ဘဲ လည်​ပင်းထိ​တောင်​ ။
သူ ​လေပူတစ်​ချက်​သာ မှုတ်​ထုတ်​နိုင်​​တော့သည်​ ။

" ဟို​နေ့က form လာဖြည့်​သွားတာလား member form ဖြည့်​ပြီးပြီဆို​တော့ စည်းကမ်းချက်​​တွေ​ကော မှတ်​မိလား "
"တစ်​ပတ်​ကို ​သောကြာ​နေ့တိုင်း ကိုယ်​ဖတ်​ထားတဲ့ ဖတ်​ဖူးတဲ့ စာအုပ်​တစ်​အုပ်​ကို ​ပြောပြရမယ်​ ။ လစဉ်​ member ​ကြေး 25 ယွမ်​ထည့်​ရမယ်​ ။ စာကြည့်​တိုက်​ကို အလှည့်​ကျ တာဝန်​ယူရမယ်​ ။ ​နောက်​ပြီး ......."

" ခင်​ဗျား ကျွန်​​တော့ကို နားပူ​နေလို့ပဲ ဖြည့်​လိုက်​တာ ဘာမှ မသိဘူး ဟုတ်​ပြီလား "

Sweet School lifeWhere stories live. Discover now