Ep-3

93 22 1
                                    

Zawgyi

ကျောင်းပိတ်​ရက်​မို့ မားမားက သူနဲ့အတူ ​ဈေးဝယ်​ထွက်​ဖို့​ခေါ်သည်​ ။
ကုန်​တိုက်​တွင်​ မားမားက ​ရှေ့က​နေဝယ်​ သူကလက်​တွန်းလှည်းနှင့်​ ။

" ​ဟောက်​ရွှမ်း​လေး စာအုပ်​​တွေသွားကြည့်​​လေ ဒါ မားမား တစ်​​ယောက်​တည်းနဲ့လည်း ရတယ်​ ။ သွား ... သွား "

" ဟုတ်​ မားမား "

ဟောက်​ရွှမ်းစာအုပ်​တန်းဘက်​ ထွက်​လာခဲ့သည်​ ။
သူ ဟိုစာအုပ်​လှန်​ကြည့်​ ဒီစာအုပ်​လှန်​ကြည့်​နှင့်​ ​ရွေး​နေသည်​ ။
နောက်​ဆုံး သူဂျပန်​Anime စာအုပ်​သုံးအုပ်​နှင့်​ အွန်​လိုင်း​ပေါ်တွင်​နာမည်​ကြီး​နေ​သော သိုင်းဝတ္ထုရှည်​တစ်​အုပ်​ကို ယူပြီး ​ငွေ​ရှင်း​ကောင်​တာသို့လာခဲ့သည်​ ။

" ​ဝေ ... ​ဟောက်​ရွှမ်း စာအုပ်​လာဝယ်​တာလား "

ဆုံနိုင်​လွန်း​ပေသည်​ ။
သူလည်းအံ့သြမိသည်​ ။
အစ်​ကိုစုန့်​ကျိရန်​လက်​ထဲတွင်​ ​ရေခဲမုန့်​တစ်​ခု ဆန်း(ဒ်​)ဝစ်​တစ်​ခုကိုင်​ထားသည်​ ။
အစ်​ကို လီ​ပေါဝမ်​က စာအုပ်​တစ်​ထုပ်​ ကျန်​လက်​တစ်​ဖက်​က အင်္ကျီ​ဘောင်းဘီဖြစ်​ပုံရ​သော အထုပ်​နှစ်​ထုပ်​ကိုဆွဲထားသည်​ ။

" ဘာစာအုပ်​​တွေဝယ်​လာတာလဲ ဆန္ဒရှိရင်​ စာအုပ်​​ကောင်း​လေး​တွေကို အစ်​ကိုညွှန်း​​ပေးလို့ရ​​တယ်​ "

" ရပြီ ကျွန်​​တော်​ဝယ်​ခဲ့ပြီ "

" ဟို​နေ့က စိတ်​ဆိုးသွားတာလား ... မဆိုးပါနဲ့ ဒီ​ပေါဝမ်​ဆိုတဲ့အ​ကောင်​က စကား​ပြောရင်​ ဘုနဲ့​ဘောက်​ရယ်​ "

သူ အင်းမလုပ်​အဲမလုပ်​မိ ။ ​ငွေရှင်းပြီး​တော့ ဟိုအစ်​ကိုနှစ်​​ယောက်​ကလည်း တစ်​​ကောက်​​ကောက်​ပါလာသည်​။

" တစ်​​ယောက်​တည်းလာတာလား "

" မဟုတ်​ဘူး "

" ဘယ်​သူနဲ့လာတာလဲ "

" မားမားနဲ့ "

Sweet School lifeWhere stories live. Discover now