ချစ်သောဆရာ

6.7K 293 4
                                    

ချစ်သောဆရာ

ပြောင်းလဲခြင်း

ကောင်လေးနဲ့ လမ်းခွဲခဲ့သည့် အချိန်မှစ၍
ရှိင်းဘဝတွင် ပြောင်းလဲခြင်းများစွာ
စတင်ခဲ့လေသည်
အဓိက ပြောင်းလဲမှုကတော့ လူမှုရေးပိုင်းပင်ဖြစ်သည်
စာသင်ခန်းထဲတွင် အတန်းခေါင်းဆောင်တာဝန်ယူခြင်း ၊
အတန်းသားများအား အကူအညီပေးခြင်း၊
လူကြီးသူမများအား ရိုသေလေးစားစွာ ဆက်ဆံပြီး
တတ်နိုင်သမျှကူညီပေးခြင်း၊
ကျောင်းစာချည်းဦးစားမပေးဘဲ
ကျောင်းလုပ်ငန်းဆောင်တာများတွင်လည်းပါဝင်လာခြင်း
စသဖြင့် တိုးတက်ပြောင်းလဲလာသောကြောင့်
လူတိုင်းက အံ့သြနေကြလေသည်
လူချစ်လူခင်လည်းပေါများလာသည်
လေးစားချစ်ခင်လာကြသည်
ကောင်လေး၏ကျေးဇူးကြောင့်ပင်
ရှိင်း၏နှလုံးသားနွေးထွေးလာရခြင်းဖြစ်ပေသည်

အတန်းဖော်များကမူ ရှိင်းအား လူစားထိုးထားသည်ဟုပင်
ထင်နေကြသည်
သူတို့ မယုံရဲကြပေ
အရင်က မျက်နှာတည်ကြီးနဲ့ သူ့ အနားကဖြတ်သွားရင်တောင်
အေးစက်သည့်အငွေ့ အသက်ကိုခံစားရသည်
အခုတော့ မျက်နှာချိုရုံသာမက လူတိုင်းအား နွေးထွေးစွာ
ဆက်ဆံနေလေသည်

ရှိင်း၏မိဘများကလည်း
သူတို့ ၏သားလေး လူရည်လူမွန်ဖြစ်လာသည်ကို
ဝမ်းသာမဆုံးဖြစ်နေကြလေသည်
ရှိင်းဘာကြောင့်များ ပြောင်းလဲသွားသလဲ
ဘယ်သူကြောင့်များလဲ စသဖြင့်မေးခွန်းပေါင်းများစွာကို
အလွန်အမင်းသိချင်နေကြသည်
ထိုသို့ပြောင်းလဲပေးလိုက်သောသူအားလည်း
သိချင်တွေ့ ချင်နေကြသည်

ရှိင်းကတော့ ကောင်လေးရဲ့အကြောင်းကို
တစ်ခွန်းတလေတောင် မဟခဲ့ပါ
ဒါပေမဲ့မေ့ပျောက်သွားခြင်းလည်းမဟုတ်ပါ
ရှိင်း၏နံနက်ခင်းတိုင်း
မြင်လွှာဖွင့်လိုက်သည့်အချိန်
ကောင်လေး၏အပြုံးကို
အမြဲမြင်ယောင်မိပါသည်
ကောင်လေး၏တခိခိရယ်သံလေးတွေ
မွှေးပျံ့ လှသည့် ဆံနွယ်ဖွဖွလေးတွေ
နှာခေါင်းလုံးလုံးလေး
ပါးဖောင်းဖောင်းလေးပေါ်ရှိ ပါးချိုင့်လေး တွေကို
သတိရနေမိသည်
ရှိင်း လူတစ်ယောက်ကို ဤမျှထိချစ်မိလိမ့်မည်ဟု
ယုံတောင်မယုံနိုင်ပါ
ကောင်လေး၏အပြုံးလှလှလေးတွေကိုသတိရမိတိုင်း
လူတိုင်းအား ပြုံးပြနှုတ်ဆက်မိသည်
အချိန်တိုင်းလိုလို သတိရမိနေတာကတော့
ကောင်လေးအပြုံးတွေကဆွဲဆောင်မှုရှိလွန်းလို့ပါ
တစ်နေ့နေ့တစ်ချိန်ချိန်
ကောင်လေးနဲ့ ဆုံတွေ့ သည့်အခါ
ကိုယ်ဟာ ကောင်လေးအတွက်
အရာရာပြီးပြည့်စုံနေသူ ဖြစ်ချင်မိသည်
ဒါဟာကိုယ့်ရဲ့ အတ္တပါ ကောင်လေး

ချစ်သောဆရာ( ချစ်သောဆရာ)Where stories live. Discover now