"ငါဘာမှမဖြစ်ပါဘူး အဆင်​ပြေပါတယ်"

ရိပေါ်ကသူအဆင်ပြေကြောင်းပြောနေပေမယ့်ရှောင်းကျန့်မျက်နှာကသွေးတစ်ပေါက်မရှိတော့ဘူး

ထိုစဉ်ဝေ့ဇီရန်ရောက်လာပြီး

"ဒီမှာ ဆေးသေတ္တာပါလာပြီ"

ထို့နောက်မှာ​တော့ တဲထဲမှာပဲ ရိပေါ်ခြေ​ထောက်ကို​အရက်ပြန်နဲ့ဆေးကာဆေးထည့်ပတ်တီးစည်း​ပေးလိုက်တယ်။

ငုတ်က​ခြေဖဝါးကိုစူးသွားတာ အ​ကြောလွတ်လို့သာ​တော်​တော့တယ်။ မဟုတ်ရင်တစ်သက်လုံးထော့ကျိုးဖြစ်သွားလိမ့်မယ်။ ​သွေးကလည်းထွက်ပြီးမရပ်​တော့တဲ့အထဲမပါလို့ပေါ့ ဟူး
စိတ်ပူလိုက်ရတာဗျာ...

ဒါ​ပေမယ့်လည်း ​သွေး​တော်​တော်ထွက်သွား​တော့ရိပေါ်ခေါင်းမူးလာတာနဲ့ ​ဆေးရှိန်နဲ့ရော
ရောပြီး တဲထဲမှာပဲခဏ​မှေးနေလိုက်တယ်။

ထိုအခါမှပဲ အလုပ်သမား​တွေလည်း လုပ်စရာရှိတာဆက်လုပ်ကြတယ်။

"အဲ့ဟာ ဘယ်မှာလဲ"

"ဟင် ဘယ်ဟာလဲ ဆရာဝန်​လေး "

ထွက်သွားဖို့လုပ်​နေတဲ့ အလုပ်သမားတစ်​ယောက်ကို ရှောင်းကျန့်မေးလိုက်ခြင်းဖြစ်သည်။

"ငုတ် "

"အော်.. ရှိပါတယ် တဲ​ရှေ့မှာပါ ဘာလုပ်မလို့လဲ "

ရှောင်းကျန့်ခပ်တည်တည်ပဲ ရိပေါ်ဘေးကထလာပြီး ​တဲ​ရှေ့ကိုထွက်လာခဲ့တယ်။
ရိပေါ်လည်း ရှောင်းကျန့်ဘာလုပ်မလဲလို့ ​မှေးနေရင်းမှနားစွင့်ကာ အသာ​ခေါင်း​ထောင်ကြည့်လိုက်တယ်။

ရှောင်းကျန့်ပေါက်ပြားတစ်လက်ကိုကိုင်လိုက်ပြီး ထိုငုတ်အားအမြစ်မှလှန်ပစ်လိုက်တယ် ပါးစပ်ကလည်းမျိုးစုံ​အောင်​အော်ပြီး​တော့​ပေါ့

"​သေမယ့်ငုတ် ဒုတ်!! ​သေမယ့်​ရောဂါစိုက်​နေတာလား ဟမ် ဒုတ်!
မင်းလို​ကောင်ကိုအမြစ်ကလှန်ပစ်ရမယ် ဒုတ်!
မင်းစူးတဲ့လူကဘယ်သူလဲသိလား
ငါ့​ယောက်ျားကွ ​မေးခိုင်ပိုးဝင်ပြီး​သေသွားရင်ဘယ်လိုလုပ်မလဲ ဟမ်."

ဘေးကအလုပ်သမား​တွေက​တော့ ​မေး​ငေါ့သူ​ငေါ့နဲ့
ဆရာဝန်​လေးက အစ်ကို​လေး​​​​​​ကိုသိပ်ချစ်​​တတ်တာပဲ ငုတ်နဲ့​တောင်ရန်ဖြစ်​နေတယ်

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now