"ဪ အဟီး..."

ရှောင်းကျန့်နဲ့ဝေ့ဇီရန်တို့လေ​ပေါ​နေကြတုန်း ​ဆေးခန်းထဲကိုလူတစ်​ယောက် အ​ပြေးတစ်ပိုင်း​ရောက်ချလာပြီး

"ဆရာလေး ဆရာလေးရှောင်းကျန့်..."

ထိုသူမှာမော​နေတာ​​ကြောင့် ​​ပြောဖို့မနည်း အရှိန်ယူ​နေရသည်။

"စိုက် စိုက်ခင်းမှာလေ.. အစ်ကို​လေး​ခြေ​ထောက်ငုတ်စူးလို့ ​​တော်​တော်နက်တယ် ​သွေး​တွေလည်းအများကြီးပဲ ကျွန်​တော်တို့လည်းဘာလုပ်ရမယ်မသိလို့....."

"ဘယ်လို.."

"ရှောင်းကျန့်နေအုံး​လေ ဟာ
ယယလိုအပ်တာ​တွေယူမသွားဘူးလား
ဟာ ဒီ​ကောင်​လေး​တော့ ​ဆေးမရှိဘဲလူနာကိုဘယ်လိုကုမလဲ မသိဘူး"

ထိုရွာသားရဲ့စကားကိုဆုံး​အောင်နားမ​ထောင်​တော့ဘဲ ရှောင်းကျန့်တစ်​ယောက် အသိမရှိသောလူကဲ့သို့ စိုက်ခင်း​တွေဘက်ကို​ပြေးထွက်သွားတာ ​ဆေး​​သေတ္တာ​ယူဖို့ပင်​မေ့ကျန်ခဲ့​လေသည်။

ဇီရန်မှာnurseမလေးထည့်​ပေးလိုက်တဲ့ ​ဆေး​သေတ္တာ​ကြီးမပြီး ရှောင်းကျန့်ကိုအမှီပြေးလိုက်ရတော့သည်။

ခင်ဗျား ဘာမှမဖြစ်​စေရဘူး ကျွန်​တော်လာပြီ ခဏ​လေးပဲ...

စိုက်ခင်းကို​ရောက်​တော့ လူတစ်​ယောက်ကအ​ပြေးလာပြီး

"ဆရာဝန်​လေး အစ်ကို​လေးကဒီဘက်မှာပါ"

ရှောင်းကျန့်လာ​ခေါ်တဲ့လူ​နောက်ကိုလိုက်သွား​တော့ ​​​​​တွေ့ပါပြီ တဲထဲကကွက်ပျက်​ပေါ်မှာငုတ်တုတ်ကြီး ​ဘေးမှာလည်းအလုပ်သမား​တွေကအုံလို့

ရှောင်းကျန့်လာတာမြင်တော့လူအုပ်ကလူချဲပေးကြတယ်။ ရိပေါ်ဘေးကိုဝင်ထိုင်လိုက်ပြီး လက်​ကောက်ဝက်ကိုအရင်စမ်းလိုက်တယ်။

"ခင်ဗျား ဘယ်လို​နေလဲ"

ရိပေါ်က​ကြောင်​တောင်​တောင်​လေးကြည့်ပြီး​ခေါင်းခါပြတယ်။

"လာ ​​ဆေးခန်းသွားမယ် ​ဆေး​သေတ္တာ ယူလာဖို့ ​​မေ့သွားလို့ ဘာမှမဖြစ်​သေးခင်​ဆေးထိုးထားရမယ်
ဘယ်လို​တောင်လုပ်​နေလို့ ဒီငုတ်ကြီး​တောင်စူးရတာလဲ ခင်ဗျားဟာ​လေက​လေးလည်းမဟုတ်ဘဲနဲ့"

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now