"ချန်ယောလ်ရ စိတ်မဆိုးနဲ့နော်။ ကျောင်းရောက်ရင် ကားပါကင်မှာစောင့်နေမယ်။"

"ဟင်းးး…ကလေးကိုစိတ်မဆိုးပါဘူး ဒါပေမဲ့ကိုယ်ကကလေးနဲ့‌‌ေအး‌ေအး‌ေဆး‌ေဆးတွေ့ချင်လွန်းလို့ မျော်လင့်ချက်အပြည့်နဲ့လာခဲ့ရတာ။"

ချန်ယောလ်သက်ပြင်းအရှည်ကြီးချပြီး တက်နိုင်သမျှ ကြားတဲ့သူသနားချင်အောင်ပြောလိုက်သည်။ စိတ်ထဲမှာတော့ ဆယ်ဟွန်းကိုမိုးမွန်အောက်ဆဲလျက်။ ဘာမှမသိတဲ့ ‌ဆယ်ဟွန်းလေးကတော့ ကားမောင်းရင်း တံတွေးတွေသီးကုန်သည်။

"ချန်ယောလ်ကလည်း ငါတောင်းပန်ပါတယ်။"

"ရပါတယ် ကိုယ်ကစိတ်မဆိုးပါဘူး။ စိတ်မကောင်းဖြစ်သွားတာ။ မင်း‌ဆီကချစ်တယ်ဆိုတဲ့ စကားသံလေး‌ကြားရင်တော့အဆင်ပြေမယ်ထင်တယ်။"

"Hyungဖုန်းပြောတာမပြီးသေးဘူးလား။"

အလိုက်မသိလှသော အကိုပေးယောက်ဖ ဆယ်ဟွန်းသံက ဖုန်းထဲမှတဆင့် ချန်ယောလ်ဆီရောက်လာသည်။

ဆယ်ဟွန်းရိပ်မိမှာဆိုးတာကြောင့် ဂျောင်ဆူးစကားစကိုအမြန်ဖြတ်ဖို့လုပ်ရသည်။ တစ်ဖက်မှာချန်ယောလ်ကလည်း ရစ်နေသည်။

"ကားပါကင်မှာတွေ့မယ်လေ။ ဟိုပြီးတော့ ချစ်တယ်။"

ဆယ်ဟွန်းမကြားအောင် ခပ်တိုးတိုးပြောလိုက်ရသော်လည်း ဂျောင်ဆူးရင်ခုန်သံတွေက ရင်ဘက်ထဲမှာကျယ်လောင်လျက်။

"ဒါပဲနော် ကျောင်းရောက်မှတွေ့မယ်။"

"အဆိုးလေး ကိုကိုကချစ်တယ်ပြောတာတောင် မစောင့်ဘူး။"

ဖုန်းကြီးကိုက်ပြီး ပီတီဖြာနေသော ချန်ယောလ်ကလည်း တစ်ကိုယ်တည်းတီတိုးဆိုလျက်။









ဂျောင်ဆူးကားပါကင်မှာစောင့်နေတုန်း စီနီယာတချို့နှင့်တွေ့တာကြောင့် နှုတ်ဆက်ရင်းစကားပြောမိသည်။ မကြာခင်မေဂျာတွေရွေးရမှာဖြစ်တာကြောင့် စီနီယာတွေကလည်း သူ့ကိုစဥ်းစားလို့ရ‌ေအာင် ပြောပြပေးသည်။

ရုတ်တရက်ဗရမ်းဗတာမောင်းလာသော ‌ပြိုင်ကားတစ်စီးက သူတို့နားရပ်လိုက်သည်။ အနီရဲရဲထိုပြိုင်ကားပေါ်က ဆင်းလာတာက မင်းသားရှုံးအောင် ပြင်ဆင်ထားတဲ့ချန်ယောလ်။

About Dear Kyung And Me Hikayelerin yaşadığı yer. Şimdi keşfedin