ဘိသိတ်ဆရာရဲ့စကားသံအဆုံးမာ ငိုသံကြီးဟာပြဲခနဲ

အားလုံးဘယ်ကလာသလဲလို့ပြူးပြူးပြဲပြဲလိုက်ကြည့်​တော့​တွေ့ပါပြီ

ဆရာဆရာနဲ့ဖြစ်​နေကြတဲ့ ရွာထဲကရှောင်ကျန့်ကိုကြိုက်​နေကြတဲ့ အပျိုကြီး၂​ယောက်
ငါးရိုးနဲ့ဆူးမ

"အမယ်​လေး ပါသွားပြန်ပါ​ပေါ့လား
ငါကချိန်လိုက်ပါသွားလိုက်နဲ့ ဆိုးလိုက်တဲ့ငါ့ဘ၀ ဟင့် ရွှတ် ဗြဲ..."

"ငါ​ရောဘာထူးလဲ ဒီတစ်​ယောက်နဲ့ဆိုရင် ၁၀​ယောက်​ကျော်သွားပြီဟဲ့ ဗြဲ..."

"အရင်တုန်းကချိန်ပဲပါတာ အခုကရှပါရှသွားတာ ချိန်ပါရှကြီးဖြစ်သွားပြီ အီးးးး..."

ရယ်ရခက် ငိုရခက် အားလုံးကလည်းပြုံးတုံ့တုံ့​တြွေဖစ်ကုန်တယ်

"ဟဲ့ ဟို၂​ယောက်ငိုချင်ရင်တစ်ခြား​နေရာသွားငိုကြ ဒီမှာမင်္ဂလာယူ​​နေတာကို အလိုက်ကန်းဆိုးကိုမသိဘူး"

"ဟင့် အရီးကလည်း ကျွန်မတို့ကကိုယ့်ခံစားချက်​တွေကိုမျှဝေ​နေတာပါ​နော်"

"အသည်းကွဲတာတောင်အ​ကောင်းမကွဲရဘူး"

"ကွဲချင်လည်းတစ်ခြား​နေရာသွားကွဲကြအေ ဒီမှာမင်္ဂလာယူနေတယ်"

ဝမ်အ​​မေက​ပြော​တော့ ၂​ယောက်သားဆူပုတ်ပုတ်နဲ့ထွက်သွားကြတယ်

ဘယ်လိုဟာ​တွေမှန်းမသိဘူး အဲ့​လောက်ဖြစ်​နေလို့လည်း အပျိုကြီး​တြွေဖစ်​နေတာ

၂ဖက်မိဘ​တွေကိုကန်​တော့ကြတယ်
မိဘ​တွေကလည်းဆု​ပေးပြီး ဆုံးမစရာရှိတာဆုံးမတယ်
ပြောလို့​ဆိုလို့ပြီးသွား​တော့

"ကဲ သားတို့လည်းပင်ပန်း​နေပြီမလား နားကြ​တော့ မားတို့လည်းသွား​တော့မယ်
ဝမ်​လေးအ​​မေ ကျွန်မတို့ကိုစိုက်ခင်းလိုက်ပြဖို့ဆို"

"ဪ...ဟုတ်သားပဲ သွားကြတာ​ပေါ့"

"သားလည်းလိုက်မယ်"

"သားကဘာလိုက်လုပ်မှာလဲ ရိ​ပေါ်​လေးအနားမှာ​နေ​လေ"

"မ​နေချင်ပါဘူး မားတို့နဲ့လိုက်​နေမှာ "

"​အော် ဒီသားနဲ့လည်း"

"ဘာလဲ မား​နော်သားကိုဂျင်းထည့်သွားတာမ​ကျေနပ်​သေးဘူး"

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now