"ဘယ်လိုလဲ မား အဆင်​ပြေလား"

"သားဘာမှ စိတ်မပူနဲ့​တော့အားလုံးအဆင်​ပြေတယ်"

"အဲ့ဒါ​ကြောင့် မားကိုချစ်​နေရတာ"

ရှောင်ကျန့်မားကိုဖက်လိုက်တယ်

"သားရဲ့မားပါ မပိုင်ရင်ခြင်​တောင်မရိုက်ဘူး ဟင်း ဟင်း"

ရှောင်ကျန့်ဝမ်းသာစွာမားကိုနောက်တစ်ကြိမ်ဖက်လိုက်တယ်။ လက်သီးလေးကိုဆုပ်ပြီးတော့လည်း ရက်စ်လို့ပြောလိုက်သေး

နောက်ဆုံး​တော့ငါ​လေး ​ယောက်ျားမယူရ​တော့ဘူးကွ ဟ ဟား

..........

စားပွဲခုံတစ်လုံးရဲ့​ရှေ့မှာ ​ခေါင်းငိုက်စိုက်ထိုင်​နေ​သော သတို့သား​လေးရှောင်ကျန့်
သူ့​ရှေ့ကအသစ်စက်စက်လက်ထပ်စာချုပ်၂​စောင်ကပြုံးပြ​နေတယ်

ငါဆုတ်ဖြဲမိ​တော့မယ် မင်းတို့​တော့

လက်ထပ်ပွဲကို​တော့အဖိုးအိမ်မှာပဲလက်မှတ်ထိုးပြီးအကျဉ်းရုံးလုပ်လိုက်ကြတယ်
မြန်​အောင်လို့တဲ့​​လေ

ဘေးကိုကြည့်လိုက်​တော့ သတို့သားကြီးဝမ်ရိပေါ်ကလက်မှတ်​တောင်ထိုးပြီး​နေပြီ

၂ဖက်မိဘ​တွေကလည်းပြုံးရွှင်လို့ မ​ပျော်နိုင်တာကရှောင်ကျန့်တစ်ယောက်တည်းသာ...

ဘာ့လို့လဲ ဘာ့လို့လဲ ဟင့်
မားလိမ်တယ် မားညာတယ် အဆင်​ပြေသွားပြီဆိုပြီး​တော့ ဟင့်
အခုချိန်မှာ ငါ​လေးကို​ကောင်မ​လေးတစ်​ယောက်​လောက် လာဆွဲရင်သိပ်​ကောင်းမှာပဲ
ဘယ်သူဆွဲဆွဲလိုက်မယ်
တစ်​ယောက်​လောက်ငါ​လေးကို လာမဆွဲချင်ကြဘူးလားဟာ...ဟင့်
ဒီလူ့ဂွစာကြီးကိုမယူချင်ဘူးလို့ ဗြဲ....

စိတ်ထဲကသာမျိုးစုံ​အော်ဟစ်​နေ​ပေမယ့်
အပြင်မှာက လက်မှတ်​တောင် ထိုးပြီး​နေပြီ

ငါ့လက်​တွေ​တောင်ငါ့စကားနားမ​ထောင်​တော့ပါလားဟာ

"ကဲ အခုချိန်ကစပြီး သတို့သား၂​ယောက်ဟာ အကြင်လင်လင်အရာ​မြောက်သွားပါပြီ
ဘ၀ခရီးလမ်းကိုသာယာ​​​​ဖြောင့်ဖြူးစွာနဲ့​ပျော်​ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါ​စေ..."

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now