.
.
ကျန့်ကောပြောတဲ့ လမ်းကြားလေးကို ကွေ့လိုက်တာနဲ့ ခေါင်းလောင်းသံသဲ့သဲ့နဲ့အတူ တောင်ကုန်းမို့မို့ပေါ်က အုတ်နီရောင် Church ကျောင်းကြီးက မြင်ကွင်းထဲမှာ ခန့်ခန့်ညားညား..။
တည်ငြိမ်နေတဲ့ အပြုံးချိုချိုနဲ့ အသက် ၆၀ ဝန်းကျင် အဘိုးက ဒီ Church လေးရဲ့ ဖာသာဆိုပြီး ကျန့်ကောက မိတ်ဆက်ပေးလာတယ်...
ဆယ်ကျော်သက်အရွယ် ကျန့်ကော ပြိုလဲနေခဲ့ချိန်တွေမှာ စိတ်အေးချမ်းဖို့ ကုထုံးတွေ စကားလုံးတွေနဲ့ ကူညီပေးခဲ့တဲ့သူလို့လဲ သူ နားလည်ခဲ့ရရဲ့." ရှောင်ကျန့်...သား.. မရောက်တာတောင်အတော်ကြာပြီနော်.. အဆင်ပြေရဲ့လားကွ "
" ဟုတ်ကဲ့..အဘိုးရော..နေကောင်းရဲ့လား "
ရိပေါ်လဲ သူ့ရှေ့က အဘိုးကို ပြုံးပြဖို့ပြင်ရင်း မျက်နှာက mask ကိုဖယ်မယ်လုပ်တော့ ကျန့်ကောက အပြုံးတစ်ခုနဲ့ တားလာရဲ့..
ရှောင်ကျန့်အနားက လူတွေက လက်ချိုးရေတွက်လို့ရအောင် နည်းပါးသည့်အထဲ အဘိုးက တကူးတကလာတွေ့ရတဲ့သူမို့ ရိပေါ်လဲ နှုတ်ဆက်ချင်ပေမယ့် ကားပေါ်ကမဆင်းခင်ထဲက ရှောင်ကျန့် အထပ်ထပ်ပြောပြီး အတင်းအုပ်ပေးထားတဲ့ mask ကိုလဲ မဖြုတ်ရဲ...လူတွေမြင်ရင် ရိပေါ် မလွတ်လပ်မှာစိုးလို့တဲ့..
စိတ်ပူပေးတာလေးကိုလဲ သူက ကြည်နူးရသေးတာ.." ခြံထဲလျှောက်ကြည့်လိုက်ဦးမယ်နော်..ကော "
" အင်း...အဝေးကြီးမသွားနဲ့နော်.. ကော ခဏ စကားပြောလိုက်ဦးမယ် "
" ဟုတ် "
ရုံးခန်းထဲက ကျန့်ကောကိုထားခဲ့ပြီး ရိပေါ် ခန်းမရှေ့က မြက်ခင်းစိမ်းစိမ်းတွေဆီ လျှောက်လာခဲ့တယ်..
မြို့ပြမှာ ရနိုင်ခဲတဲ့ လေညှင်းတွေ လတ်ဆတ်မှုတွေက ဒီနေရာမှာတော့ သဘာဝအတိုင်း...၊
တောင်ကုန်းလေးဆိုပေမယ့် လှမ်းကြည့်ရင် ကောတို့ တမြို့လုံးကိုအပေါ်စီးကခြုံငုံမြင်နေရပြန်တယ်...
လမ်းတလျှောက်က အပင်အုပ်အုပ်တွေက ဒီကနေလှမ်းကြည့်ရင် မှိုပွင့်ရောင်စုံလေးတွေလိုမျိုး..တီ.. တီ..
တောင်ကုန်းလေးပေါ်တက်လာတဲ့ ကားဖြူဖြူလေးတွေက တစီးနှစ်စီးထက် မကတာမို့ ရိပေါ် ဘေးနားကသစ်ပင်ကိုမှီရင်း အသာကြည့်နေလိုက်တယ်...
ခန်းမ ရဲ့ ကျွန်းတံခါးကြီးရှေ့မှာရပ်သွားတဲ့ ကားတွေထဲက ဖြူလွလွ မိန်းကလေးတွေနဲ့ အနောက်တိုင်းဝတ်စုံပြည့်နဲ့ ကောင်လေးတွေ ထွက်လာရင်း အချင်းချင်း စနောက်နေကြပြန်တယ်...
أنت تقرأ
Before I Let You Go
قصص عامةခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.
. 17 .
ابدأ من البداية