[ IX ]

7.2K 562 28
                                    

Unicode

"ဂွီ~~~"

ထိုအသံသည် အီပေါ်ဗိုက်မှလာသည်။

"ရှောင်းကျန့် ငါဗိုက်ဆာနေပြီ
မင်းကဘယ်သွားမလို့လဲ?"

ပစ္စည်း တွေ ကောက်ထည့်နေသည့်
ရှောင်းကျန့်ကို ဆူပုတ်ပုတ်နဲ့မေးလိုက်တယ်။

"ကျိုးကောက ဘက်စကက်ဘောဆော့ဖို့
ချိန်းထားလို့"

"ဘာ! မင်းကသွားမှာလား?!"

"အေးပေါ့ ရီပေါ် ငါသွားနှင့်မယ်နော်
တစ်ခုခုစားပြီးမှ အိမ်ပြန်နော် ကြားလား"

မကြားဘူး အယုတ်တမာကောင်!
ကျိုးကောကိုလည်း မချစ်တော့ဘူး!
သူ့ကျတော့ မခေါ်ဘဲ ရှောင်းကျန့်ကိုရွေးခေါ်တာ!
ပြီးတော့ ရှောင်းကျန့်
ချစ်တယ်ဆိုပြီး အလိုက်ကိုမသိဘူး!
မနက်တုန်းက အဖြေရသွားတော့
ဂရုမစိုက်တော့ဘူးလေ !
ရီပေါ်ကို ဒါမျိုး လာမစမ်းနဲ့ !
စားပြီနားမလည်ကြီး ><
အကြာကြီးကောက်ပစ်မယ် တကယ်စိတ်ဆိုးတယ် !

/////////////////////////////////////////////////////////////

"ရောက်ပြီလား ရှောင်းကျန့်"

"ဟုတ် ကျိုးကော"

"မျက်နှာမသာမယာနဲ့ ဘာဖြစ်လာတာလဲဟ"

တကယ်ဘဲ မင်ကျိုးပြောသည့်အတိုင်း။
မျက်နှာကြီးက ဘီလူးသံပုရာသီးကိုက်ထားတဲ့ရုပ်နဲ့!

"ကောဆီလာလို့ ရီပေါ် ကျွန်တော့်ကိုစိတ်ဆိုးသွားလို့ဗျ! မြန်မြန်ပေးတော့ဗျာ ကော
ကျွန်တော်သွားချော့ရအုံးမှာ"

"အေးပါကွ မင်းကလည်း"

ပြောရင်း မင်ကျိုးဖုန်းထုတ်ကာ
ရှောင်းကျန့်ထဲတစ်ခုခုပို့လိုက်သည်။

"ပြီးပြီ ရှောင်းကျန့် တစ်ဝိုင်းနော် မမေ့ကြေး"

"ဟုတ်ပါပြီဗျာ ကောရ"

ပြောပြီးတာနဲ့ ရီပေါ်ဆီ သုတ်ချေတင်ပြေးရသည်။
ဖုန်းဆက်တော့လဲ ဖုန်းကမကိုင်။

"အန်တီ ရီပေါ်အိမ်ရောက်ပြီလားဗျ"

ဆက်မရတော့တဲ့အဆုံး အိမ်ဘဲလိုက်သွားလိုက်တယ်။ ဘဲလ်တီးတော့ မတော်ရသေးတဲ့ ယောက်ခမလောင်းကြီးက ထွက်လာတယ်။

LOVE Competition [ Complete ]Where stories live. Discover now