[ XI ]

3.7K 295 10
                                    

Unicode

"ဘာပြောတာ?ပြဇာတ်!!!"

​နားစည်ကွဲအောင် အော်နေတဲ့ ရိပေါ်ကြောင့် ချန်မိန် မျက်နှာကြီးရှုံတွနေပြီဖြစ်သည်။ သူမ အကြံဉာဏ်ဘဲဆိုးလို့လား?

"ဘာလို့ သေမလိုတွေလာအော်နေတာလဲ
ငါစာရင်းတောင် ပေးလိုက်ပြီ"

"နှစ်ပတ်ထဲနဲ့ ဘယ်လိုလေ့ကျင့်မှာလဲဟ
ဇာတ်ညွှန်း? ဇာတ်ကောင်? ဝတ်စုံ? ဒါတွေကဘယ်မလဲ သေချာစဉ်းစားအုံးနော် အပုမ ငါတို့ဘတ်ဂျက်လည်းလောက်တာမဟုတ်ဘူး"

ရိပေါ်စကားကို တော်တော်များများထောက်ခံကြသည်။ ဘတ်ဂျက်မရှိဘဲ မရဘူးလေ...ဇာတ်ညွှန်းကအဆင်ပြေရင်တောင်...!

"ဒါကတော့ ငါကြိုတွေးပြီးသားပါ
ဇာတ်ညွှန်းပုံစံက penthouse လိုမျိုး ရိုးရိုးရှင်းရှင်းလေးပါ male lead က ရိပေါ်ကိုရွေးထားတယ် female leadကကျတော့
ယွမ်အာကိုရွေးထားတယ် ဘတ်ဂျက်အတွက် တစ်ယောက်နည်းနည်းစီဘဲ ကောက်မယ်လေ ကျန်တာငါပေးမယ် အဆင်ပြေကြတယ်မလား အားလုံး??"

ဒုန်း!!!

စားပွဲပေါ်ကို လက်နဲ့ထုလိုက်တဲ့ ရှောင်းကျန့်ကြောင့် ချန်မိန်လန့်ဖျပ်သွားသည်။
"ငါတော့male lead က ရိပေါ်ဆို အဆင်မပြေဘူးနော် :")"

"သဝန်တွေတိုနေတာလား ဒါအလုပ်နော် နှလုံးသားရေးတွေခဏခေါက်ထား ...နင်က Male lead လိုချင်လို့လား ရှောင်းကျန့်? ဒါဆိုရိပေါ်နဲ့ လဲ....."

"ငါ့ကို male lead လုပ်ပြီး ရိပေါ့်ကို female lead လုပ်ခိုင်းလို့မရဘူးလားဟ! ပိုပြီးတော့ ဆန်းကြယ်တယ်လေ ဒါမျိုးက အတန်းရှင်း ရတယ်နော် နင်သေချာစဉ်းစား"

ချန်မိန် အတွေးထဲပစ်ဝင်လိုက်ပြီး တွေးပစ်လိုက်တယ်။
ပြောမရဘူး ငါလိုက်နေတဲ့ ဂျူနီယာ ညီမလေးပါ ကြိုက်ရင်ကြိုက်မှာ
အခုခေတ်ကကောင်လေးတွေတောင် စကတ်ဝတ်နေတဲ့ ခေတ်ဆိုတော့...

"အိုကေ ငါသေချာတွေးကြည့်လိုက်တော့
နင်ပြောတာမှန်တယ်...ယွမ်အာ နင်ကရောဒီလိုဆိုအဆင်ပြေလား?"

"အမယ်လေး ငါ့အတွက်က ဒီလိုဆို ပိုအဆင်ပြေသေး!"

ယွမ်အာ စိတ်မဆိုးလို့ တော်ပါသေးရဲ့ ယွမ်အာကလည်း ကောင်လေးတွေကို စိတ်ဝင်စားမဲ့ပုံမပေါ်ဘူး နောက်မှ ကပ်ပေါင်းထားရမယ်လို့ ချန်မိန်တွေးမိသည်။

LOVE Competition [ Complete ]Where stories live. Discover now