[ XXIII ] - Final

6K 263 6
                                    

Unicode

A/N : Finalမဖတ်ခင် မှာစရာရှိတာ မှာချင်လို့ပါ ဒီတစ်ပိုင်းလုံးက Wedding Ceremony အကြောင်းများပါတယ်
အနောက်တိုင်းလို မင်္ဂလာဆောင်တာဘဲ သိတဲ့သူမို့ ကျန့်ရိနှစ်ယောက်ကို အနောက်တိုင်းလိုဘဲ ဆောင်ပေးလိုက်ပါတယ်

ကိုယ်ကလည်း မင်္ဂလာမဆောင်ဖူးသူမလို့ အမှားပါသွားရင် ဖြည့်စွက် ဖတ်ပေးကြပါရန်**

××××××××××××××××××××××××××

ပေကျင်းမြို့က နာမည်ကြီး Hotel တစ်ခုတွင် ပြုလုပ်ကျင်းပသော မင်္ဂလာပွဲဲကြီးသည် ခမ်းနားတင့်တယ်လှသည်။လူတော်တော်များများကလည်း ထိုမင်္ဂလာပွဲကြီးအကြောင်း စိတ်ဝင်စားလျက် ရှိသည်။အကြောင်းအရင်းကတော့ လက်ထပ်ပွဲကြီးရဲ့ အဓိကဇာတ်ဆောင်နှစ်ယောက်သည် ယောက်ျားလေးနှစ်ယောက် ဖြစ်နေ၍သာ။

လက်ထပ်ပွဲကို အကျဉ်းချုပ်လုပ်ချင်သော ရိပေါ်သည် ရှောင်းကျန့်​၏ဂျီကျမှုကို မလွန်ဆန်နိုင်၍ မလွှဲသာမရှောင်သာ လက်ခံရသည်။နှစ်ဖက်မိဘတွေကလည်း သူတို့သားနှစ်ယောက်ရဲ့ လက်ထပ်ပွဲကို တခမ်းတနားကြီး လုပ်ပေးချင်တာကြောင့် ရိပေါ်မှာမငြင်းသာတော့။

လက်ထပ်ပွဲကျင်းပမည့် အချိန်ကတော့ ညဆယ်နာရီတိတိမှဖြစ်သော်လည်း နေ့လယ်လောက်ကတည်းက ခန်းမအတွင်း၌ လူစုံကြလေပြီ။ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်တော်အပေါင်းကိုတော့ ဝမ်မာမားနဲ့ရှောင်းမာမားက လိုက်လံနှုတ်ဆက်သည်။ပါပါးနှစ်ယောက်တော့ လုပ်ငန်းရှင်အသိတွေနဲ့ အတူတူထိုင်ကာ သူတို့သားနှစ်ယောက်အကြောင်း ဖောက်သည်ချနေသည်။

ရှောင်းကျန့်သည် သူတို့မေဂျာမှသူငယ်ချင်းတွေ အကုန်လုံးကိုဖိတ်ခဲ့သည်။ရိပေါ်ကတော့ အထက်တန်းတုန်းက ရင်းနှီးသည့် သူငယ်ချင်းကိုသာ ဖိတ်သည်။

မကြာခင်အချိန်အတွင်း တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်ကြတော့မည့် ကောင်လေးနှစ်ယောက်ကမူ မနက်ကတည်းက အချင်းချင်းမတွေ့ကြရသေး။ရှောင်းကျန့်သည် အနောက်ဘက်ခြမ်း ဧည့်သည်တွေရှိသည့် နားနေခန်းတွင်နေရပြီး ရိပေါ်ကတော့ ခန်းမနဲ့နီးသည့် နားနေခန်းထဲတွင် ပြင်ဆင်နေရသည်။

LOVE Competition [ Complete ]Where stories live. Discover now