[ XII ]

3K 264 5
                                    

Unicode

ထိုနေ့သည် ကျောင်းသားတွေအားလုံးမျှော်လင့်စောင့်စားနေကြသည့် Fresher Welcome နေ့ ဖြစ်သည်။ Fresher Welcomeတွင် ကျောင်းသူတွေအားလုံး စိတ်ဝင်စားနေကြတာက
တစ်ခုတည်းသောအရာကြောင့်ပင်။

ဤသည်မှာ အခြားမဟုတ်..သူတို့ရဲ့ရေခဲရိုက်မင်းသားလေးက Female Lead နေရာတွင် သရုပ်ဆောင်ရမှာကြောင့် အားလုံးသည် ပြဇာတ်ကို ကြည့်ဖို့သာ စိတ်အားထက်သန်နေကြသည်။
ထို့အတူ ပါးချိုင့်မင်းသားလေးက Male Lead နေရာကနေ ရေခဲမင်းသားလေးနဲ့ ဘယ်လိုယှဉ်တွဲသရုပ်ဆောင်မလဲဆိုသည့် သတင်းသည် Third year တွေအကြား ရေပန်းစားနေသည်။

"အမယ်လေး ရိပေါ်ရယ် ငြိမ်ငြိမ်လေးနေစမ်းပါဟဲ့"

မိတ်ကပ်လိမ်းပေးနေတာကို ဂနာမငြိမ်တဲ့ ရိပေါ်ကြောင့် ချန်မိန်လည်း စိတ်တိုလာပြီ။ တကယ်တမ်း မိတ်ကပ်လိမ်းတာက သူမရဲ့တာဝန်မဟုတ်ပေ။ရိပေါ်ကို မိတ်ကပ်လိမ်းပေးရမဲ့ မိန်းကလေးက လက်မြောက်သွားတာမို့ ချန်မိန်ရဲ့ ခေါင်းပေါ်ရောက်လာရခြင်းသာ။

"မြန်မြန်လုပ်ပါဟ..နင်ကလည်း ပါးနီကို အဲ့လောက်ကြီး မခြယ်နဲ့လေ ငါ့ရုပ်ကြီးက မင်းသမီးနေရာသရုပ်ဆောင်ရမှာလား သေသွားတဲ့ မသာနေရာသရုပ်ဆောင်ရမှာလား?!"

တာဝန်ကျသော မိန်းကလေးလည်း လက်မြောက်သွားရသည်မှာ ဤအကြောင်းတို့ကြောင့် ဖြစ်သည်။ရိပေါ်သည် ငြိမ်ငြိမ်မနေဘဲ ဇီဇာကြောင်ကာ လိုက်ပြောနေတာ ဘယ်သူကစိတ်ရှည်မလဲ။တစ်လောကလုံးမှာ တစ်ယောက်သာရှိတဲ့ ရှောင်းကျန့်တစ်ယောက်သာ ထိုမနိုင်စိန်ကို စိတ်ရှည်လိမ့်မည်။

ရှောင်းကျန့်ကတော့ တစ်ဖက်အခန်းတွင် ပြင်ဆင်နေသည်။Male Leadဆိုတော့ Female Lead လောက် ဘာမှသိပ်လုပ်စရာမလိုပေ။
မျက်နှာလေးကို ဟိုပုတ်ဒီပုတ်လုပ်ကာ အဝတ်အစားလဲလိုက်ရုံဖြင့် ရှောင်းကျန့်သည် perfectဖြစ်ကာ ခန့်ညားလွန်းသည်။

"ရိပေါ်..?"

နားနေခန်းထဲမှ ဂါဝန်ကြီးတကားကားဖြင့် ထွက်လာသော ချစ်ရသူကို မြင်လိုက်တော့ ရှောင်းကျန့်လှမ်းခေါ်လိုက်သည်။ရိပေါ်သည် ရှောင်းကျန့်ကို မြင်တာနဲ့ သရဲတဘက် မြင်သလိုမျိုး တန်းပြေးသည်။ရှောင်းကျန့်ကတော့ ရိပေါ်သူ့ကို ရှောင်ဖယ်သွားလို့ ကြောင်အစွာကျန်နေခဲ့သည်။
ရိပေါ် ဝေဝေးကိုရောက်နိုင်သေးခင် ဇာတ်လိုက်မင်းသားဝတ်စုံနဲ့ ရှောင်းကျန့်တစ်ယောက်လည်း ပြေးလိုက်ရတော့သည်။

LOVE Competition [ Complete ]Where stories live. Discover now