"သဘောကျနေမိပြီထင်တယ် အရှင့်ကိုပဲမြင်ချင်နေတယ်
ဒါပေမယ့်မမြင်ရဘူးလေအရှင်က ပြီးတော့အသံလည်းကြားချင်တယ်
ပြီး​တော့ထိ​တွေ့ချင်တယ်"

ရင်းယာန်ကိုယ့်နှာခေါင်းကိုယ်ပွတ်နေမိသည်။
သူ့လက်တွေသူဆုပ်ကိုင်ရင်း ကြေကွဲပုံရတဲ့ထိုလူသားမှာ နည်းနည်းတော့အမြင်ကပ်ဖို့ကောင်းလာသလိုလိုပင်။

"ညတိုင်းအတူနေတယ်မဟုတ်ဘူးလား ညတိုင်းအသံလည်းကြားရပြီး ထိတွေ့ရတယ်မဟုတ်ဘူးလား ဘာတွေသောကရောက်နေတာလဲ မျက်နှာမြင်ချင်လာရင်​တော့ ပုံတူပန်းချီသွားကြည့်ပေါ့"

ရင်းယာန်လွယ်လွယ်လေးပဲပြောလိုက်ပြီး နောက်ထက်သေရည်ငှဲ့ပြီးသောက်နေတုန်း ဝုန်းခနဲထိုင်ရာကထကာ မျက်နှာချင်းကပ်လာတဲ့ထိုလူသားကြောင့် သေရည်သီးသွားရသည်။
တစ်ဝတ်လောက်က ပါးစပ်ထဲကပြန်ထွက်ကျပြီး ရင်ဘတ်ပေါ်ဖိတ်ကျကုန်တော့သည်။

"မဟုတ်ဘူး..အဲလိုမဟုတ်ဘူး
အရှင့်ကို ကိုယ်ကြီးပျောက်မနေစေချင်တာ ပန်းချီကားထဲကလိုမျိုးပြူံးနေစေချင်တာ"

အရမ်းနီးနေတဲ့ထိုလူသားမျက်နာကို ထပ်တိုးမလာဖို့ လက်ဝါးနဲ့ကာထားရပြီး သီးနေတာကို အရှိန်သတ်အောင်မနည်းကြိုးစားလိုက်ရသည်။
ချက်ခြင်းပြန်မပြောနိုင်သေးပဲ
မေးပေါ်ကကမခြောက်သေးတဲ့သေရည်တွေကို အဝတ်နဲ့သုတ်ပြစ်ပြီးမှ

"မင့်အမေလွှား...ဖြည်းဖြည်းသက်သာပြောပါဟ"

ဆဲရေးသည်ကိုလည်း နာမည်မထင် သူ့နေရာသူပြန်ထိုင်သွားပေမယ့် ဘယ်တော့ပြန်ထလာမလဲမသိတာကြောင့် ရင်းယာန်သတိထားနေရသည်။

"ပြန်ပြီးအသစ်ဖြစ်စေချင်တယ် အကုန်ပြန်ကောင်းစေချင်တယ် အကုန်ပြန်ပြီးအသစ်ဖြစ်သွားရင်တောင် ကျနော့်ကြောင့်ပဲဖြစ်စေချင်တာ အဲလိုမျိုး.."

ထိုစကားကြောင့် ရင်းယာန်ပြုံးစစဖြစ်သွားမိသည်။ တကယ်ဆိုလျှင် ထိုစကား​တွေက အော်ရယ်လိုက်ဖို့တောင်ကောင်းနေသေးသည်။ပြုံးစစလုပ်ရင်းသရည်ထပ်ငှဲ့နေပေမယ့် ထပ်ထလာမှာလဲကြည့်ရသေးသည်။
ထို့နောက်သေရည်ခွက်အား တကျိုက်ထဲမော့လိုက်ပြီးမှ ခနဲ့သံနဲ့ပြောလိုက်သည်။

The frozen heart of the fire king (Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ