သူ့ကိုခါးထောက်ကာမကြည်ကြည့်.ကြည့်နေတဲ့ရိပေါ်ကိုမြင်တော့ ရှောင်ကျန့်ကိုယ်ဟန်ဖို့ဖို့လုပ်ရတော့တယ်။

မျက်မှန်​လေးကိုပင့်တင်ကာ မတ်တတ်ရပ်လိုက်တယ်

"အဟမ်း ကျွန်​​တော်ကသရဲ​ကြောက်တာမဟုတ်ဘူး​နော် ရုတ်တရက်ဆို​တော့လန့်သွားတာ အဟမ်း"

အရှက်​​ပြေချောင်းဟန့်ပြီးလက်​နောက်ပစ်ကာသွား​နေတဲ့ယုန်​ပေါက်ကိုကြည့်ပြီး
ရိပေါ်ဘယ်လိုမှမ​နေနိုင်​တော့ဘဲထိန်းထားသမျှလွှတ်ရယ်ချလိုက်တယ်

"ဟား ဟား ဟား ဟား
ကြောက်တာမဟုတ်ဘူးလန့်သွားတာဟုတ်လား
ဟ ဟား
ပေါ်တင်ကြီးမိ​နေတာ​တောင် ​​​ဗြောင်လိမ်​​ဗြောင်စားနဲ့မင်းဟာ​လေ..."

Yibo က​​​ပြောရင်းအံကြိတ်ကာ Xiao Zhan ပါး​လေးကိုညစ်လိုက်တယ်
သူကိုယ်တိုင်​တောင်မသိဘဲနဲ့​ပေါ့

မသိတာကအ​ကြောင်းမဟုတ်ဘူး ပါးကိုညစ်ပြီးတဲ့အချိန်မှာ ၂​ယောက်လုံးခဲ​ကျောက်ရုပ်ကြီး​တွေလိုပဲ ​တောင့်​တောင့်ကြီး​တြွေဖစ်ကုန်တယ်

ငါဘယ်လို​တောင်သူ့ကိုလုပ်လိုက်ပါလိမ့် အခုပုံစံကငါမဟုတ်ဘူး​လေ
ပါးကိုလွှတ်​ပေးရမာလား လွှတ်မ​ပေးရဘူးလား လမ်း​​​​​တွေပျောက်​နေပြီ
ဒါ​ပေမယ့်မလွှတ်ချင်ဘူး ပါး​လေးကနူးအိ​နေတာပဲ

ဒီလူကြီးငါ့ကို ဘယ်လိုဆက်ဆံ​​နေတာလဲ
ငါ့ကိုက​လေးလိုဆက်ဆံလိုက်တာလား

ညီအစ်ကိုမသိတသိအချိန်မှာ သူတို့၂​ယောက်ဖြစ်​နေပုံကိုအ​ဝေးကကြည့်ရင်လုံးဝအထင်လွဲစရာ

ရှောင်ကျန့်ပါးကိုညစ်ခံထားရ​တော့ နှုတ်ခမ်းကဆူ​ထော်​နေတယ်
အဲ့ကြားထဲထုံးစံအတိုင်းမျက်​မှောင်ကြုတ်လို့

ရိပေါ်ခုမှသေချာကြည့်မိတယ် အ​မေ​ပြောတာမှန်တယ် ရှောင်ကျန့်ကလုံးဝကိုချစ်စရာ​လေးပဲ

"ဒီမှာ ခင်ဗျား ကျွန်​တော့်ကိုဒီအတိုင်းညစ်ထား​တော့မှာလား
လွှတ်​ပေးဖို့​ရောအစီအစဉ်ရှိလား"

"မရှိဘူးဆိုရင်​ရော"

"ဘာ​ပြောတယ်"

"ဆရာဝန်​လေးကနား​လေး​နေတာလား
နားအထူးကုနဲ့ပြအုံး​နော် ​တော်ကြာလူနာတွေဘာ​ပြောမှန်းမသိဖြစ်​နေအုံးမယ်"

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now