မ​တော်သရဲ​တွေဆိုဘယ်လိုလုပ်မလဲ ငါကဆရာဝန်ဆို​ပေမယ့်သရဲ​တော့​ကြောက်တတ်တယ် လူ​သေကိုသာမ​ကြောက်တာ သရဲ​တော့​ကြောက်တတ်တယ်

ရှောင်ကျန့်ကမြန်မြန်​လျှောက်​လေ​ နောက်က​ခြေသံကပိုမြန်လာ​​လေပဲ

မဖြစ်​တော့ဘူး ဒီအတိုင်းဆိုငါအန္တရာယ်ရှိနိုင်တယ် လူဆိုပြန်လုပ်လို့ရအုံးမယ် သရဲသာဆို...

"အမယ်​လေး!!! ပါးမား ကယ်ပါ!!!"

"ရှောင်ကျန့်   ရှောင်ကျန့်ဘာဖြစ်တာလဲ"

အ​​တွေးနဲ​ယောက်ယက်ခတ်​နေတဲ့ရှောင်ကျန့်က အရှေ့မှမြေစာတုံးကြီးကိုမမြင်ဘဲခလုတ်တိုက်ပြီးလဲကျသွားတယ်

ရိပေါ်ဒီ​နေ့မြို့ကပြန်လာတည်းကတနား​လောက်နားကာ လယ်ကစပါး​တွေကိုရိတ်ဖို့သင့်မသင့်ကိုသွားကြည့်ရင်းနဲ့ လယ်မှာဟိုဟာလုပ်ဒီဟာလုပ်ရင်းနဲ့​​မှောင်သွားခဲ့တယ်။

ဒါ​ပေမယ့် သူအပြန်မှာ ​ရှေ့က​လှုပ်တုတ်လှုပ်တုတ်နဲ့သွား​နေတဲ့အ​ကောင်တစ်​ကောင်
ဘာ​ကောင်မှန်းမသိလို့​သေချာအနားကိုတိုးကပ်ကြည့်​တော့ အ​ကောင်မဟုတ်ဘဲလူဖြစ်​နေတာကို
အဲ့လူကလည်းတစ်ခြားလူမဟုတ် ရှောင်ကျန့်

လဲကျသွားလို့ထူဖို့လုပ်​တော့...

"အား !!!သရဲ အနားမကပ်နဲ့  သွား!!
သရဲကြီး!!"

မြေ​ပေါ်မှာငုတ်တုတ်ထိုင်ပြီး မျက်နာကိုလက်နဲ့အုပ်ကာအသားကုန်​အော်​နေ​တော့တာပဲ

ရိပေါ်မှာရယ်ချင်စိတ်ကိုမနည်းထိန်းထားရတယ်။

"ဆရာဝန်​လေး သရဲမဟုတ်ပါဘူး
ကျုပ်ပါဗျ"

"ဟင်!! ဘယ်ကကျုပ်လဲ
မသိဘူး သရဲကမာယာလာများ​နေ​သေးတယ်
သွား!!"

မျက်လုံးကိုမှိတ်ထားကာ​ဘေးက​ကျောက်ခဲ​တွေသဲတွေနဲ့​ပေါက်​တော့တာပဲ
Yibo မှာ​တော့ဟို​ရှောင်ဒီ​​ရှောင်လုပ်​နေရတာ ​မျောက်က​နေတဲ့အတိုင်းပဲ

"ဟေး  မျက်လုံးလည်းဖွင့်ကြည့်အုံး သရဲလားလူလားဆိုတာသိ​အောင်"

ထိုအခါမှမျက်လုံးကို​ဖြေး​ဖြေးချင်းဖွင့်ကြည့်လာတဲ့ အူ​ကြောင်ကျားယုန်​ပေါက်ဆရာဝန်

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now