"ပျော်သွားတာလား.....!"

သူ့စကားအဆုံး တသောသောထရယ်လိုက်တဲ့
လူအုပ်ကြီး။သူကိုယ်တိုင်ကလည်း
ဟက်ဟက်ပက်ပက်ကိုရယ်လို့။

ဘာလဲ။အခုသူ အလှောင်ခံနေရတာလား။

"မင်းတို့မြင်တယ်မလား...ဟန်....
ဟား..ဟား...သူပျော်သွားတာ
မြင်လိုက်ကြတယ်မလား....!"

အူနှိပ်ပြီးရယ်နေတဲ့သူ့ကို
ရှောင်ကျန့် အံကြိတ်ပြီးသာ
ကြည့်နေနိုင်သည်။

မင်းကိုမုန်းလို့တော့မဟုတ်ဘူးချစ်သူ။
မင်းကြောင့် ငါငိုမိမစိုးလို့။

💘💘💘💘💘

"ရှောင်ကျန့်...ရောက်ပြီလား...!"

ကော်ဖီဆိုင်လေးထဲဝင်ဝင်ချင်း
လှမ်းနှုတ်ဆက်တဲ့ အစ်ကို
ကျန်းချန်။

ရှောင်ကျန့် ပြန်ပြုံးပြရင်း

"ဟုတ်အကို။ဒီနေ့ လူတွေ သိပ်မကျသလိုပဲ..!"

"မကျတာမဟုတ်ဘူး။လာကိုမလာတာ။!"

"ဗျာ..!"

ရှောင်ကျန့် တအံ့တသြရေရွတ်မိတော့
ခေါင်းကို ကုတ်နေတဲ့ အကိုကျန်းချန်။

မဖြစ်နိုင်တာ။ဒီဆိုင်ကနာမည်ကြီးပဲဟာကို။
ဘယ်လိုလို့ လုံးဝလူမလာတာ
ဖြစ်နိုင်မှာလဲ။ခါတိုင်း လက်ကိုမလည်နိုင်တာ
ရှောင်ကျန့်အသိဆုံး။တစ်ခုခုတော့မှားနေပြီ။

"မင်းလဲပင်ပန်းလာတယ်မလား။
နားတော့လေ။လူလည်းမကျဘူးဆိုတော့
အကို ခွင့်ပေးလိုက်တယ်။သွား။
အိမ်ပြန်အိပ်တော့.....!"

ဆိုင်ရှင်ဟု ပြောလျင်ပင်
ယုံနိုင်စရာမရှိသည့်
အစ်ကိုကျန်းချန်ပင်။

ရှောင်ကျန့်လည်း မငြင်းတော့ဘဲ
အိမ်ပြန်နားရန်ပြင်လိုက်သည်။
ဒီနေ့တကယ်လည်းပင်ပန်းသည်လေ။

မင်းကြောင့်ပေါ့ ချစ်ရသူ။

💘💘💘💘💘

"အဲ့ကော်ဖီဆိုင်ကို မသွားသောက်နဲ့။
အဲ့ဆိုင်က လူများတာမပြောနဲ့။
သောက်မဲ့ကော်ဖီထဲ ဘိန်းအပျော့စားလေး
ထည့်ပြီးတိုက်တယ်ဆိုပဲ။!"

"ဟယ်...ဟုတ်လား။အဲ့တာကြောင့်
ငါလည်း အရမ်းကြိုက်တာ။
နင်တို့ဘယ်ကသိလဲဟ....!"

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now