15

1.6K 99 4
                                    

"Chanyeol စိတ်​​အေး​အေးထား"

ခွဲခန်း​ရှေ့မှာမျက်​ရည်​​တွေနဲ့ပြာယာခတ်​​နေတဲ့ ကျ​နော့်ကို krisကတည်​ငြိမ်​စွာ​ပြောလာသည်​။

စိတ်​​အေး​အေးထားတဲ့!

ကျ​နော်​ ဘယ်​လိုထားနိုင်​မှာလဲ?

"သူ..သူ .မ​သေပါဘူး​နော်​"

ရူး​ကြောင်​​ကြောင်​စကားကို​ပြောရင်း krisမျက်​နှာကိုကြည့်​​တော့krisက​ခေါင်းငြိတ်​သည်​။

Kris

"ဘာလို့​သေရမှာလဲ?
သူကမင်းကိုသိပ်​ချစ်​တာ​လေ။"

ကျ​နော်​ ​ခေါင်းခါယမ်းလိုက်​ပီး

"ဟအင်း သူငါ့ကိုမချစ်​ဘူး။
မဟုတ်​ဘူး တကယ်​မချစ်​ခဲ့ဘူး။"

Chenကတစ်​ခုခု​ပြောမယ်​ပြင်​​တော့ Krisကဟန့်​တားလိုက်​သည်​။

"ချစ်​သူမဖြစ်​ခင်​ကတည်းက ငါသူ့ကိုသ​ဘောကျခဲ့တာ"

ကျ​နော်​ သ​ဘောကျမိတဲ့​ကောင်​​လေးကကျ​နော်​သတိထားမိသ​လောက်​ သူငယ်​ချင်း​နှစ်​​ယောက်​ပဲ​ပေါင်းပီး​အေးလွန်းသည်​။

Eyelinerထူထူခြယ်​သပီးဆံပင်​မီးခိုး​ရောင်​ပွပွ​လေးနဲ့သူကက​လေးဆန်​ပီးဖျက်​လက်​မယ့်​အမူအယာရှိခဲ့​ပေမယ့်​ တကယ်​တမ်းသူအမြဲမှိုင်​​ထွေငို​ကြွေး​နေခဲ့တယ်​။

သူ့မျက်​ရည်​​တွေကိုမကြည့်​နိုင်​​တော့တဲ့တစ်​​နေ့ကျ​နော်​သူ့အနားချဉ်းကပ်​ခဲ့တယ်​။

"သူအမြဲငါမကြိုက်​တာ​တွေလုပ်​တယ်​။
ငါသူ့အကြိုက်​အမြဲလိုက်​ညှိ​ပေမယ့်​သူကဆန့်​ကျင်​ဘက်​ကိုအမြဲရုန်းထွက်​တယ်​"

ကျ​နော်​ နာနာကျင်​ကျင်​​ပြောလိုက်​မိသည်​။

ကျ​နော်​ သ​ဘောမကျတဲ့ Kim Kaiနဲ့မ​ပေါင်းဖို​​ပြော​တော့ ငယ်​ငယ်​ထဲက​ပေါင်းလာတာမို့သံ​ယောဇဉ်​ဖျက်​မရဘူးတဲ့။

သူမကြိုက်​တဲ့သခွားသီးကျ​နော်​မစား​ပေမယ့်​ကျ​နော်​မကြိုက်​တဲ့ဒူးရင်းသီးသူစားတယ်​။

"ငါသူ့ကိုအ​လျှော့​ပေးပီးချစ်​သ​လောက်​သူငါ့ကိုသစ္စာ​ဖောက်​တယ်​..."

(Baby Don't Cry)Where stories live. Discover now