နောက်​တစ်​ခါ ထွက်​​ပေါ်လာတဲ့ Daddyအသံ​ကြောင့်​ စုပ်​ သပ်​ကာ ကုတင်​​ပေါ်​မှောက်​အိပ်​​နေရာမှထ ထိုင်​မိသည်​။

မဆင်းဘူးဟုဆုံးဖြတ်​ထား​သော်​လည်း ညီ​လေး ရဲ့ မျက်​ဝန်းဝိုင်းက မျက်​ရည်​စ တို့ကို ​တွေးမိတာ​ကြောင့်​ ကုတင်​​ပေါ်မှဆင်းပီးအခန်းထဲကထွက်​လာမိသည်​။

လှေကားထစ်​ ကို ​ဘောက်​ဆတ်​ဆတ်​နဲ့  တမင်​အသံမြည်​​အောင်​တဒုန်း ဒုန်းနဲ့ဆင်းလိုက်​ပီး ဧည့်​ခန်းကိုတချက်​​ဝေ့ကြည့်​လိုက်​သည်​။

Daddy ဘယ်​ဘက်​မှာ ထိုင်​ပီး   laptop ကိုဘဲအာရုံစိုက်​​နေတာက ကျ​နော့်ညီ​လေး Kyunggie.

Daddy ညာဘက်​မှာထိုင်​​နေတာက မိ​ထွေးအသစ်​စက်​စက်​ နဲ့ ​ခေါင်းငုံ့ထားသည့်​သူ့၏သား။

သူ့သားကိုမြင်​​တော့ Chanyeolနှခမ်းတို့ကတွန့်​​ကွေးသွားသလိုရင်​ဘတ်​ကလဲတဆစ်​ဆစ်​​အောင့်​လာသည်​။

မုန်းတယ်​..

"လာ​လေ သား"

Daddyလှမ်း​ခေါ်​တော့ မျက်​နှာစူပုတ်​ထားပီး ညီ​လေး ​ဘေးဝင်​ထိုင်​လိုက်​သည်​။

Daddy

"ဒါ သားတို့ အ​မေ​နေရာ အစားထိုးမယ့်​ mommy ဘဲ။
နာမည်​ က ယုဆယ်​ တဲ့။"

ရွံစရာအပြုံးပြုံးပြ​နေတဲ့ထိုမိန်းမကိုတချက်​ကြည့်​လိုက်​သည်​။
ပြင်​ဆင်​ ထားလိုက်​တာအရွယ်​နဲ့မှမလိုက်​။
သူများအ​မေ​နေရာဝင်​လုတယ်​။

Aww
ဒီလိုအ​မေရှိမှ ဟိုလိုသားရှိတာမဆန်းပါဘူး။
မိ​ထွေး ဆို ဘယ်​မိ​ထွေးမှ​ကောင်းတာမရှိ။
မယုံရင်​ စင်​ဒရဲလား ရုပ်​ရှင်​ကြည့်​ကြည့်​ပါလား။?
ဒီမိ​ထွေးလဲအဲ့လိုဘဲ​နေမှာ။

Kyungsoo က​ခေါင်း​မော့မလာတာ​ကြောင့်​ ကျ​နော်​ ညီ​လေး ကိုငုံ့ကြည့်​လိုက်​သည်​။
မျက်​ရည်​ စ​လေး​တွေမြင်​လိုက်​ရ​တော့ရင်​ထဲနင့်​ကနဲ။

သူ​ပြောလိုက်​တဲ့ အသံတိုးတိုး​လေးကိုကျ​နော်​​ကောင်းစွာကြားလိုက်​ရပါသည်​။

"Hyung mommy ဆုံးတာမကြာ​သေးဘူး​လေ"

တဲ့။
ကျ​နော်​ လက်​သီးဆုပ်​ပီးအံကြိတ်​မိသည်​။

(Baby Don't Cry)Where stories live. Discover now