Zawgyi
တိတ်ဆိတ်နေသော သူ့ဘဝတွင် အမြဲတမ်း တစ်ခုခုမှားနေတယ်လို့ ထင်နေတဲ့သူ
ဖေဖေမေမေရှိပေမယ့် အချစ်မခံရသူ
သူဒီလို ဘဝကြီးကိုလည်း ဆုတောင်းခဲ့မှာမဟုတ်ဘူးလို့လည်း အမြဲတွေးနေတဲ့သူ" ဟောက်ရွှမ်းလေး ဒီနေ့စာမေးပွဲရှိတယ်ဆို ကောင်းကောင်းဖြေခဲ့နော် "
ခေါင်းတစ်ချက်သာ ငြိမ့်ပြပြီး ထမင်းစားပွဲမှ ထလာခဲ့သည်။
မေမေကတော့ နေ့လည်စာဖို့ ပိုက်ဆံပေးသည်။
ဖေဖေကတော့ သတင်းစာအကြည့်မပျက်။
ဒါနဲ့ပဲ သူကျောင်းသို့ ထွက်လာခဲ့တော့သည်။သူ့ဘဝသည် ဆိတ်ငြိမ်အေးချမ်းသာ မဟုတ်ဘဲ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေခြင်းပင်ဖြစ်သည်။ အပေါင်းအသင်းလုပ်မည့်သူ သူငယ်ချင်းမရှိ ။
ဘောင်းဘီအိပ်ကပ်ထဲမှ သကြားလုံးတစ်ခုကို ထုတ်လိုက်သည်။ ပါးစပ်ထဲထည့်ငုံရင်း ကျောင်းသို့ ဖြေးဖြေးသာ လျှောက်လာသည်။ ကျောင်းပေါက်နားရောက်တော့ အနောက်ကဝင်တိုက်လာတဲ့သူတစ်ယောက်။" sorry sorry ဝမ်ဟောက်ရွှမ်း "
သူ ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်သည်။
" ဝမ်ဟောက်ရွှမ်း အစ်ကိုတို့ စာပေကလပ်ထဲ မဝင်ချင်ဘူးလား "
" တောင်းပန်ပါတယ် ကျွန်တော် စိတ်မဝင်စားလို့ "
" အာရား... စိတ်မဝင်စားလဲ ကလပ်တစ်ခုခုထဲ ဝင်ထား အမှတ်ရတယ်လေ ဝင်မှာလား ဟမ် "
" ကျွန်တော်........"
" ကျိရန် မင်းက တော်တော် တစ်ကိုယ်ကောင်းဆန်တဲ့ကောင်ပဲ "
" ပေါဝမ် ဒီမှာ ငါ ဂျူနီယာလေး ဟောက်ရွှမ်းကို ကလပ်ဝင်ဖို့ပြောနေလို့ "
" တော်စမ်းပါ သူကကော ဝင်မှာတဲ့လား "
ဟောက်ရွှမ်း ခြေလှမ်းတို့ ရပ်လိုက်ရင်း
YOU ARE READING
Sweet School life
Fanfictionကျွန်တော့်ရဲ့ အထက်တန်းကျောင်းသားဘဝဟာ အချို မြိန်ဆုံးပဲ .... အစ်ကိုတို့ကို သတိရတယ် .... ...... ဟောက်ရွမ်း ....