Chapter 10 ( Unicode & Zawgyi )

4.2K 340 4
                                    



Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

#crd to the orginal artist and uploader

#Jewel

Jewel ဆိုတဲ့ သူမက လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်မှ  **** entertainment ကနေ မင်းသမီးအဖြစ် ပွဲထုတ်ခဲ့ပြီး နာမည်ကြီးလာတဲ့ သူပါ။ သူမက လက်ရှိ အသက် ၂၇ ပေမဲ့ ပုရိသတွေကြားထဲမှာ နာမည်ကြီး ရေပန်းစားပြီး ပရိသတ်အခိုင်အမာ ရရှိထားတဲ့သူပါ။ သူမရဲ့ info ကိုလည်း internet မှာ ပြည့်ပြည့်စုံစုံဖော်ပြထားခြင်း မရှိပါဘူး။ အခုလည်း Starry Sky FM ၁၀ နှစ်ပြည့် အခမ်းအနား တတ်ရဖို့ အတွက် သူမရဲ့ သကြားဖေဖေကို ပြောထားရတာပါ။

{ စကားအသုံးအနှုန်းတွေက ရိုင်းနေတဲ့ အတွက် တောင်းပန်ပါတယ်။ }

------------

Jewel တစ်ယောက် နာရီဝက်နောက်ကျသည့်အတွက် အခမ်းအနားရှိရာသို့ အမြန်ပြေးလာရသည်။ သို့ပေမဲ့လည်း အခမ်းအနားစတင်နေပြီမို့ တိတ်တိတ်လေးဝင်သွားရန် အပြု မိမိမျက်စိရှေ့မှာ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် နောက်သို့ပြန်ဆုတ်လာရသည်။ ဟုတ်မှဟုတ်ပါ့မလားလို့ စိတ်ထဲမှာ အကြိမ်ကြိမ်တွေးနေပေမဲ့ သူမမှ သူမအစစ်ဖြစ်နေခဲ့တယ်။ မိမိကို ပြတ်ပြီဆိုသော စာတစ်ကြောင်းသာ ပို့ခဲ့သည်။ ရှင်းပြချိန်တောင် မပေးလိုက်။ အကုန်အဆက်အသွယ် ဖြတ်ကာ မိမိကို ထားသွားသော သူမ အနောက်သို့ မြန်မြန်ပြေးလိုက်ခဲ့ပေမဲ့ အဆောက်အဦးထဲ ရောက်တော့ သူမအား ရှာမတွေ့တော့။ အခုချိန် သူမကိုသာ တွေ့ချင်နေမိသည့်အတွက် ဘာကိုမှ စိတ်ထဲမထားနိုင်တော့ပါ။  ရှိသမျှ အခန်းတွေထဲ ပတ်ရှာခဲ့သည်။ နောက်ဆုံးတော့ Toilet ထဲမှာ ရှာတွေ့ခဲ့ချေပြီ။ သူမက Hair colour တွေတောင် ချိန်းထားလေရဲ့။

"......."

"Hannah!!!!! Hannah မလား။ "

" Jewel....  မင်းဘာလို့....."

Princess's StylistWhere stories live. Discover now