Chapter 5 ( Unicode & Zawgyi )

5.7K 457 9
                                    

Zawgyi

Hannah တစ်ယောက် သူမရဲ့ ကျန်ခဲ့တဲ့ပစ္စည်းတွေယူဖို့အတွက် ကုမ္ပဏီသို့ ရောက်လာခဲ့သည်။ ဒါပေမဲ့ ဒီပစ္စည်းတွေက Aurora ရဲ့ personal room ထဲမှာ ကျန်နေခဲ့သည်။

< ဟင်!! သော့ခတ်ထားပါလား။ ဒီနေ့ Aurora ကုမ္ပဏီမှာ ရှိနေရမှာမလား။ ဘယ်လိုဖြစ်လို့ပါလိမ့်။ မန်နေဂျာ john ဆီဖုန်းဆက်မှပဲ >

📲 ဟဲလို

📲 ဟုတ်ကဲ့။ ကျွန်မ Hannah ပါ။ ကျွန်မရဲ့ပစ္စည်းတစ်ချို့ ကုမ္ပဏီမှာ ကျန်ခဲ့လို့လာယူတာ။ ဒါပေမဲ့ သော့ခတ်ထားလို့ ဘယ်လိုလုပ်ရမလဲ။

📲 အော်....အမှန်တော့ သော့က ကျွန်တော့်ဆီမှာ။ ဒါပေမဲ့ ကျွန်တော်က အပြင်မှာ..ချက်ချင်းလာလို့မရဘူး။ ဒီလိုလုပ်ပါလား။ ၄ ထပ်မြောက်က သူဌေးရဲ့ အတွင်းရေးမှူးဆီမှာ သော့သွားတောင်းရင်ရပါတယ်။ အော်...ဒါနဲ့ သွားတောင်းရင် အလုပ်ကတ်ပြားယူသွားဖို့ မမေ့နဲ့နော်။

📲 ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်။ အနှောက်အယှက်ပေးမိပါပြီ။

📲ရပါတယ်။

Hannah ၄ ထပ်မြောက်ကို ဓာတ်လှေကားနဲ့သွားဖို့ အစီအစဉ်ရှိပေမဲ့ လူပြည့်နေတဲ့အတွက် ကားပါကင်နားမှာရှိတဲ့ အများသုံးလှေကားကို သုံးဖို့ စီစဉ်လိုက်သည်။

*ဘုတ်* ထောင့်ချိုးအကွေ့၌ မထင်မှတ်ဘဲ လူတစ်ယောက်နဲ့ ဝင်တိုက်လိုက်မိသည်။ မိမိအမှားမပါပေမဲ့လည်း တစ်ဖက်လူကဝင်တိုက်တာ အရှိန်ပြင်း၍ လဲကျသွားသည့် အဆင့်ထိ။ ဘယ်လိုပဲဖြစ်ဖြစ် တောင်းပန်ရမယ် မဟုတ်လား။

" တောင်းပန်ပါတယ်။ ကျွန်မမမြင်လိုက်လို့ပါ"

ကျသွားတဲ့အရှိန်ကြောင့်လားမသိ။ ကောင်မလေးရဲ့မျက်နှာမှာ မျက်ရည်တွေနဲ့။ မျက်ရည်ကျတာကို သူများမမြင်စေချင်လို့နဲ့တူတယ် သူမရဲ့ဆံပင်တွေနဲ့အုပ်ထားတယ်။ ထူရန်သွားဖို့ အနီးကပ်ကြည့်မိလိုက်တော့မှ.......

" Aurora....."

သူမ ကျွန်မကိုတွေ့တော့ တော်တော်လန့်သွားပုံရသည်။ သူမရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ဟိုတစ်နေ့ကအတိုင်း ကျွန်မကို အကြောင်သားကြည့်နေသည်။

Princess's StylistWhere stories live. Discover now