ကျိုးချန် တော့လန့်နေလေရဲ့
ဝမ်ရိပေါ်ဆိုသောကောင်လေးသည်
ဖော်ရွေလျှင်လည်း ၂ယောက်မရှိ
ချေပြီဆိုရင်လည်း ၂ယောက်မရှိသောသူဖြစ်လေသည်

" ဟျောင့် နောက်အချိန်က မင်းဆရာ အချိန်နော်
တက်မှာမလား? "

" မတက်ဘူး လစ်မယ် "

" ဟာ ဟေ့ကောင် "

ဝမ်ရိပေါ် ပြောရင်း လွယ်အိတ်ထဲအကုန်စုထည့်ပြီး
ထ အထွက် ရှောင်းကျန့်ကအဝင်နှင့် တိုးလေတော့သည်
ရှောင်းကျန့်ကိုမြင်တော့ တချက်မော့ကြည့်ပြီး ပြန်ထွက်သွားလေသည်

" ဝမ်ရိပေါ် ဒါဘယ်လဲ "

" ကျွန်တော် သွားစရာရှိလို့ ဆရာ "

" တောက် မင်းကွာ "

ရှောင်းကျန့် အနည်းငယ်စိတ်တိုသွားသည်
တိုချင်စရာပါပဲလေ မခန့်လေးစားပုံစံနဲ့ အနောက်တောင်မလှည့်ကြည့်ဘဲပြောသွားတာကိုး။

" အခုခေတ် လူငယ်တွေများ ဆရာသမားကိုလေးစားရကောင်းမှန်းမသိဘူး
ရုပ်တွေကိုက
အဲ့ ဝမ်ရိပေါ် အဆိုးဆုံးပဲ "

" ဆရာ ကျွန်တော် ရိပေါ်ကိုယ်စားတောင်းပန်ပါတယ်ဗျ
သူအိမ်ကိစ္စရှိလို့ထင်ပါတယ်ဆရာ
သူ့အကျင့်ကအယ့်လိုပြင်လို့လည်းမရတော့ဘူး
ဆရာကပဲခွင့်လွှတ်ပေးပါဗျာ "

" ကိုယ်ကကိစ္စမရှိဘူးကွ ဘာမှမဖြစ်ဘူး
မင်းတို့ အပြစ်ခံရမှာစိုးလို့ နားလည်လား
ကဲ တော်ပြီ ထိုင်တော့ စာသင်မယ် "

" ဟုတ် ကျေးဇူးပါ ဆရာ "

ကျိုးချန် ဝမ်ရိပေါ် အစားတောင်းပန်ပေးလိုက်ပေမယ့်
စိတ်ထဲမှာတော့မျိုးစုံ မေတ္တာပို့ပြီးနေပေပြီ

×××××××××××××

" ကျေးဇူးတင်ပါတယ် ဆရာ "

တတန်းလုံးနှုတ်ဆက်ပြီး နေ့လည် lunch time ဆင်းတော့ ကျိုးချန်တစ်ယောက်
ရိပေါ်အား ဖုန်းဆက်အကြောင်းကြားရလေသည်။

" ခွေးကောင် ဘယ်မှာလဲ အတန်းဆင်းပြီ "

" အင်း ကန်တင်းလာခဲ့ အဲ
ကန်တင်း ရဲ့အနောက်ထောင့်ဆုံးနော် "

" အေး မင်း ငါ့ကို.........
ဟာ သေနာ ဖုန်းချသွားပြီ "

ကျိုးချန်လည်း ထုံးစံအတိုင်း ပွစိပွစိနဲ့
ဆဲနေပြန်ပါသည်
ဝမ်ရိပေါ်တို့မေဂျာအဆောင်နှင့်ကန်တင်းမှာ အနည်းငယ်တော့သွားရသည်
ကြားထဲမှာ အခြားမေဂျာ အဆောင် ၃ခုကိုဖြတ်ပြီးမှသွားရလေသည်
ထို့ကြောင့် နဂိုမှ ဗိုက်ဆာလာသောကျိုးချန်
လမ်းလျှောက်ရသည့်အတွက်ပိုဆာနေသည်
ထမင်းကြိုမှာထားဖို့ပြောမည်ကိုလည်း ဖုန်းအရင်ချသွားသောရိပေါ်အား
အံတကြိတ်ကြိတ်နှင့်ပေ.....

You are mine~~~~Where stories live. Discover now