ရွာ​လေးဟာ​ရှောင်​ကျန့်​ငယ်​ငယ်​တုန်းက​ရောက်​ဖူးတာထက်​​ ပိုပြီး​ခေတ်​မှီ​နေပြီ​ပြောရမယ်
လျှပ်စစ်​​မီးလည်းရ​နေပြီ​လေ
ဟော အိမ်​ဆိုလည်းနှစ်​ထပ်​တိုက်​ကြီး​တွေ​တောင်​ရှိလာပြီပဲ

ရွာသား​တွေစီးပွား​ရေး​တော်​​တော်​အဆင်​​ပြေ​နေကြလိမ့်​မယ်
ကောင်းပါတယ်

ရှောင်​ကျန့်​ပြုံးပြုံး​လေးနဲ့ ရွာလမ်းတစ်​​လျှောက်​ကိုကြည့်​​ပြီးလိုက်​လာတယ်
သူ့ကိုကြည့်​​နေတဲ့လူကို​တော့သတိမထားမိဘဲနဲ့​ပေါ့

သုံးဘီးကတစ်​​ဖြေး​ဖြေးနဲ့အဖိုးတို့အိမ်နားကို​ရောက်​လာတယ်

၁၀ ဧက​လောက်​ကျယ်​၀န်း​လောက်​မည့်​ ခြံကြီးထဲကိုသုံးဘီးက​မောင်းလာတယ်
ခြံထဲမှာလည်းသီးပင်​စားပင်​စုံ​နေ​အောင်​ကိုစိုက်​ထားတာပဲ
မာလကာပင်​ကို​ရှောင်​ကျန့်​​တွေ့​တော့ တံ​တွေးမျိုချလိုက်​တယ်

နောက်​​နေ့ကျမှမင်းတို့ကိုလာစားမယ်​​နော်​ အခု​တော့အပင်​​ပေါ်မှာပဲ​နေလိုက်​အုံး

အိမ်​​ရောက်​​တော့
အဖိုးက ၀မ်းသာအားရထွက်​ကြိုပါတယ်

"အမယ်​​လေး ငါ့​မြေးကဆရာဝန်​ကြီးဖြစ်​​နေ​တော့​ချောလာလိုက်​တာ"

"အဖိုးကလည်း သားကဆရာဝန်​ဖြစ်​လို့​ချောတာမဟုတ်​ပါဘူး​နော်
နဂိုတည်းက​ချောလို့​ချောတာ "

"ဟ ဟား ဟုတ်​ပါပြီကွာ
ဪ... ​မြေး​လေး ရိ​ပေါ်လာ​လေ အိမ်​ထဲဝင်​ပါအုံး"

"မ၀င်​​တော့ဘူး အဖိုး
ကျုပ်​လုပ်​စရာ​လေးရှိလို့
မအားတဲ့ကြားကသွားကြိုရ​တော့ အလုပ်​​တွေပုံ​နေပြီ"

ရိ​ပေါ်က​ရှောင်​ကျန့်​ကို​တမင်​ရည်​ရွယ်​၍​ပြောလိုက်​ခြင်းမဟုတ်​​ပေမယ့်
ရှောင်​ကိုယ်​​ချောကစိတ်​​တွေထဆိုးပါ​တော့တယ်

"ဒီမှာ မင်းကိုဘယ်​သူကလာကြိုခိုင်းလို့လဲ
အဖြစ်​ကိုသည်းတယ်​ အလုပ်​ လုပ်​မယ်​သာဆိုတယ်​ လက်​​ကြောတင်းမယ့်​ပုံလည်းမ​ပေါ်ဘဲနဲ့ ဟမ့်​ "

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now