ရှောင်​မိသားစု​ဆေးရုံက ပုဂ္ဂလိက​ဆေးရုံဖြစ်​ပြီး သူ​ဌေး​တွေသာတက်​​ကြ​သော​ကြောင့်​ ၀င်​​ငွေအ​တော်​​ကောင်းသည်

ဒါ​ပေမယ့်​​ရှောင်​ကျန့်​က​တော့ ​ဆေးရုံကိုအုပ်​ချုပ်​ချင်​တဲ့​လောဘမရှိဘူး
သူဟာ နိုင်ငံခြားပါရဂူဘွဲ့ရအ​ထွေ​ထွေ​ရောဂါကုဆရာဝန်​ကြီးတစ်​​ယောက်​ဖြစ်​​အောင်​လုပ်​ပြီး

ငွေ​ကြေးချို့တဲ့သူ​တွေကို ​စေတနာနဲ့ကုသ​ပေးချင်​တဲ့စိတ်​ပဲရှိတယ်
တစ်​ခါတစ်​​လေ ​မျက်​ခွက်​​ပြောင်​တတ်​တာကလွဲလို့

အခု​တော့ အဲ့စိတ်​က​လေး​ဘေးချိတ်​လို့ ပါးရဲ့​ဆေးရုံမှာပဲအလုပ်လုပ်​​နေရတယ်

တစ်​​နေ့​နေ့​တော့ ငါ့ရည်​မှန်းချက်​​တွေ​အောင်​မြင်​​လာရမယ်​ အဟွန်း ဟွန်း

"​ရှောင်​ကျန့်​​ရေ... ​ဆေးရုံအုပ်​ကရုံးခန်းထဲကို​လာခဲ့ပါအုံးတဲ့"

ပြေးလွှား​နေတာ ခနရပ်​လိုက်​ပြီး nurse တစ်ေ​ယာက်​​ပြောတာကို​ခေါင်းငြိမ့်​ပြလိုက်​တယ်

ရုံးခန်းထဲ​ရောက်​​တော့ စားပွဲကကုလားထိုင်​မှာထိုင်​​နေ​သော ​ဆေးရုံအုပ်​ တစ်​နည်း ​ရှောင်ပါးပါး

နောက်​ကျလို့ ဆူအုံးဖို့လားမသိဘူး
နေ့တိုင်းဆူ​နေတာ မ​မောဘူးလားမသိဘူး
ပါးပါးတို့က​တော့

ရှောင်​ကျန့်​ ​ရှေ့ခုံမှာဝင်​ထိုင်​လိုက်​တယ်

"သား
သားကို ပါး​ပြောစရာရှိလို့"

ဆူဖို့မဟုတ်​ဘူးဘဲ ​တော်​ပါ​သေးရဲ့ ဟူးးး

"​​ပြော​လေ ဘာ​ပြောမှာ​ကြောင့်​စကားပလ္လင်​ခံ​နေရတာတုန်း
ပါးမဟုတ်​တဲ့အတိုင်းပဲ ဟ ဟား"

"​​တော်​တိတ်​ ​ပြောင်​စပ်​စပ်​လုပ်​မ​နေနဲ့
ငါ​ပြောတာ​သေချာနား​ထောင်​"

"ဟုတ်​"

ရှောင်​ကျန့်​အသာရယ်​ ငြိမ်​ပြီးနား​ထောင်​​နေလိုက်​ရတယ်
မငြိမ်​လို့လည်းမရဘူး
ပါးကသူ့ကိုယ်​သူ"ငါ"လို့သုံးလိုက်တယ်​​လေ

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now