"မင်းကလည်း ငါညက နည်းနည်း​လေးပဲ​နောက်​ကျသွားတာပါကွာ အဟဲ
တစ်​ကယ်​နည်းနည်း​လေးပဲ "

လက်ညိုးနဲ့လက်မကိုထိကာသေးသေးလေးပုံတောင်လုပ်ပြလိုက်သော အနှီအမြင်ကပ်ချင်ပေမယ့်ကပ်လို့မရသော သူငယ်ချင်းကြောင့် ဝူချန်းမျက်နှာမဲ့လိုက်မိတယ်။

"မင်း​ပြောလိုက်​ရင်​အဲ့အတိုင်းပဲ စာ​တွေအဲ့​လောက်​ကျက်​မ​နေနဲ့
တော်​ကြာ အ​ထွေ​ထွေကုမဖြစ်​ဘဲ​ အထွေထွေကုတာခံနေရအုံးမယ်"

"အေးပါနော်... ပြောထား ငါဖြစ်ချင်တာဖြစ်ခါမှ သူငယ်​ချင်း​ရေ... ဆိုလို့က​တော့ တာ့တာပဲ​နော်​ ​ဟေ့​ကောင်​"

"အမယ်​​လေး တာ့တာကအ​ရေးမကြီးဘူး မင်း​သေသွားမှာ​ကြောင့်​​ပြော​နေတာ"

"ဟား ဟား ​အေးပါကွာ
ငါ့ကိုစိတ်​ပူ​ပေးတဲ့သူငယ်​ချင်းကြီး အမယ်​​လေး
အရမ်းချစ်​တာပဲ မွ မွ"

ရှောင်​ကျန့်​​ပြောလည်း​ပြော ဝူချန်းကိုလိုက်​နမ်းပါ​တော့တယ်
ဟိုတစ်​​ယောက်​ကလည်း ဒီစကား​ပြောရင်​ဒီလိုလုပ်​​တော့မှာကိုကြိုသိ​နေ​တော့​ပြေးလိုက်​တာမှတန်း​နေ​ရောပဲ
ဆေးရုံကတစ်​ခြားဝန်​ထမ်း​တွေက​တော့ မြင်​သားကြ​နေပြီမို့ ဘာမှမ​ပြောဘဲမနိုင်​ဘူးဆိုပြီး​ခေါင်းတစ်​ခါခါနဲ့

ပြောလို့လည်းမရပါဘူး ဒီ​ဆေးရုံက ​ရှောင်​ကျန့်​တို့​ဆေးရုံ

ရှောင်​မိသားစုဟာမျိုးရိုးစဉ်​ဆက်​ ဆရာဝန်​​တွေ
ရှောင်​ပါးပါးဟာဆရာဝန်​တစ်​​ယောက်​ဖြစ်​ပြီး ​ရှောင်​မားမားက​တော့ စား​သောက်​ဆိုင်​ဖွင့်​ထားတယ်
ဆိုင်​ခွဲ​တွေလည်းရှိတယ်

တစ်​ဦးတည်း​သောသား​လေး ​ရှောင်​ကျန့်​ကိုလည်း ဆရာဝန်​ပဲလုပ်​​စေကာတစ်​ချိန်​ကျ​ဆေးရုံအား ဦး​ဆောင်​ခိုင်းမှာ​ဖြစ်​သည်​။

ရှောင်​မိသားစုက ချမ်းသာ​ပေမယ့်​ မာနမရှိကြဘူး ​ရှောင်​ကျန့်​ဆိုလည်းသူ့ကိုယ်သူ သူ​ဌေးသားဆိုပြီးဘ၀င်​မြင့်​မ​နေဘူး ​ပျော်​​ပျော်​​နေတတ်​တဲ့လူငယ်​​လေးတစ်​​ယောက်​​​ပေါ့

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now