" ရိပေါ်..လွှတ်စမ်း "
" မသိဘူး..အိပ်နေပြီ ..ကျွန်တော်အိပ်နေပြီ "
" ရိပေါ် ! မင်း ဘာဖြစ်နေလဲ "
" ဘာဖြစ်လို့လဲ အိပ်ချင်လို့ကို..ကောကလဲ "
" လွှတ်စမ်း..လူတွေနဲ့ "
" ဘယ်မှာလဲ မတွေ့ပါဘူး "
တကယ်လဲ ရထားက သူတိုပတ်ပတ်လည်ကခုံတွေမှာ ဘယ်သူမှမရှိဘဲ ရှင်းနေတယ်.
ကျန်းလီကျဲတို့ကို ရှက်မှာစိုးလို့တောင် တမင်တကာ တခုံကျော်မှာလာထိုင်နေတာကို ရှက်နေသေးတဲ့ ရှောင်ကျန့်ကို သူအသဲယားလို့သေတော့မှာပဲ..
သူ့ကိုဘုကြည့်ကြည့်နေတဲ့ ရှောင်ကျန့်က မရမကငြင်းဦးမယ့်ပုံမို့လို့ ရိပေါ် မသိချင်ယောင်ဆောင်ပြီး ခေါင်းမော့အိပ်လိုက်တယ် .." ဝမ်ရိပေါ် "
" မရှိဘူး.. အိပ်နေ..အားး..ကော ! "
လက်ဖျံကဆစ်ခနဲအသိကြောင့် ငုံ့ကြည့်လိုက်တော့ ရှောင်ကျန့်က သူ့လက်ကို ကိုက်နေတာများ..
အပေါ်ကကြည့်ရင် သူ အသည်းယားနေတဲ့ ယုန်သွားလေးနှစ်ချောင်းကပြူးလို့..
စိတ်ရှိလက်ရှိလုပ်ပစ်လိုက်ရင် တစစီဖြစ်တော့မှာပဲ ဒီလူတော့.." လွှတ်တော့ "
" ရော့..ဒီဘက်ပါကိုက် "
" .... "
" ကိုက်လေ.. ပီးရင် ဟိုဘက်လက်ပါပေးကိုင် "
ရိပေါ်က ရယ်သဲ့သဲ့နဲ့ပြောတော့ ရှောင်ကျန့်က တကယ်ကြီးစိတ်ဆိုးသွားပုံပဲ..
ဘယ်လိုလုပ်လုပ် ရိပေါ်က လက်မလျော့မှန်း နားလည်သွားပုံရတဲ့ ရှောင်ကျန့်က ပြတင်းပေါက်ဘက်ငေးပြီး သူဘက်ပြန်မလှည့်လာတော့.." ငါ မင်းကိုခေါ်လာမိတာမှားပြီ "
" ကော ! "
တခွန်းထဲပါပဲ..
တင်းတင်းဆုပ်ထားတဲ့ လက်တွေပြေလျော့သွားတယ်..
ရိပေါ်ဆီက သက်ပြင်းချသံတွေထွက်လာတယ်..
တိတ်ဆိတ်သွားတဲ့လေထုမှာ စိတ်ရှပ်ထွေးခြင်းကလွဲပြီး ဘာလတ်ဆတ်ခြင်း ဘာနွေးထွေးခြင်းမှ ရိပေါ်မခံစားရတော့ဘူး..
တကယ်ပါပဲ ..
အသက်ရှူရတာတောင် ပင်ပန်းလာတယ်..။ရထားလေးက လိုက်ပါမယ့်သူနည်းပါးပေမယ့် တဘူတာပြီး တဘူတာ ရပ်တုန်းပဲ...
ရှောင်ကျန့် သူ့ဘေးနားမှာ လက်တင်းတင်းပိုက်ပြီး အိပ်နေတဲ့ ရိပေါ်ကိုလှမ်းကြည့်တယ်..
တကယ်အိပ်ပျော်နေတာဟုတ်မဟုတ် သူမသိပေမယ့် ရိပေါ်က တုတ်တုတ်မှမလှုပ်တော့တဲ့အပြင် ရထားခုန်တာတောင် သူ့ကိုလုံးဝမထိစေရဘဲ အိပ်နေပြန်တယ်..
أنت تقرأ
Before I Let You Go
قصص عامةခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.
. 16 .
ابدأ من البداية