❤ ကိုကိုရဲ့ကလေးငယ် ၃၇ ❤

Start from the beginning
                                    

အနက်ရောင်ကား ၃ စီး ထဲက All black ၀တ်စုံအပြည့်နဲ့လူအများကြီးဆင်းလာကာ ကျော်ထက်ရှေ့ရောက်လာကြသည်။ ကျော်ထက် သုသုဓာတ်ပုံထုတ်ပြကာ အဖွဲ့နှစ်ဖွဲ့ခွဲကာ ၀န နဲ့တစ်ဖွဲ့ကို အောက်ထပ်မှာရှာစေပြီး ကျော်ထက်တို့အဖွဲ့ကတော့ အပေါ်ထပ်မှာသွားရှာလိုက်သည်။

ဇိုင်းအလယ်ထပ် တစ်ထပ်လုံးရှာတာနှံ့နေပြီ အခုထိ သုသု ကိုမတွေ့သေးတာကြောင့် ဇိုင်းထဲမှာမီးတောက်လောင်နေသည်။ အလယ်ထပ်မှာမတွေ့တာကြောင့်အပေါ်ထပ်တတ်ရှာကြည့်ရင်း ကျော်ထက်တို့အဖွဲ့နဲ့တိုးသည်။

"ကျော်ထက် ကလေးကိုတွေ့လား.."

"မတွေ့ဘူး boss ကျွန်တော်တို့အပေါ်ထပ်တစ်ခုလုံးရှာတာနှံ့နေပြီ.."

ထိုစဉ်ဇိုင်းတို့ဆီကို ၀န တို့အဖွဲ့လဲရောက်လာကာ..။

"၀န အခြေနေဘယ်လိုရှိလဲ..ကလေး..ကလေးကိုတွေ့လား."

"မတွေ့ခဲ့ဘူး Boss အောက်ထပ်မှ ာကျွန်တော်တို့တစ်နေရာမှမကျန်အောင်ရှာခဲ့ပြီးပြီ.."

အားလုံးရဲ့အဖြေစကားကြောင့် ဇိုင်း ဒေါသတွေပေါက်ကွဲကာ..လက်သီးကို ကျစ်ကျစ်ဆုတ်ပြီး ကျော်ထက် အကျႌကော်လံစကိုဆောင့်ဆွဲကာ..။

"တောက်စ် !! မင်းတို့ကွာ ဒီလောက်လူတွေအများကြီးကို ဒီကလေးတစ်ယောက်တောင် တွေ့အောင်မရှာနိုင်ကြဘူးလား..ဟမ်!!"

"တောင်းပန်ပါတယ်..Boss"

အားလုံးက သံပြိုင်တောင်းပန်ကြသည်။

အခုချိန်မှာ ဇိုင်းစိတ်တွေပုံမှန်မဟုတ်တော့တာပဲ မြင်မြင်သမျှအကုန်ပေါက်ကွဲပစ်နေသည်။

ဘယ်မှာမှရှာမရတဲ့အဆုံး ဇိုင်း အလယ် ထပ် သုသုပျောက်သွားတဲ့နေရာဆီ ပြန် သွား ကာ အကုန်ရှာကြပြန်သည်။

                     >>>>>>>>>>>>>>>>>>>

သုသုတစ်ယောက် လဲကျနေတဲ့စက်ရုပ်ဘေးနားမှာ ကြောက်ကြောက်လန့်လန့်နဲ့ရပ်နေမိသည်..

ဘေးနားကလုံခြုံရေးတွေကလဲ သုသု နားမလည်တဲ့ ဘာသာစကားတွေနဲ့ပြောဆိုနေတာကြောင့် သုသု ဇိုင်းကိုပဲတမ်းတနေမိသည်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now