❤ ကိုကိုရဲ့ကလေးငယ် ၂၄ ❤🔞

198K 11K 1.1K
                                    

Unicode...
>>>>>>>>

.
.

"ယောက်ကျား.."

" ဟင် "

ကလေးဆီက ရုတ်တရက်အခေါ်​ေဝါ်ကြောင့် ဇိုင်း မှာ ကြောင်အသွားလျှက်။

"ယောက်ကျားး...လို့ဆို ကလေးခေါ်နေတာမကြားဘူးလား"

အခု နေ ဇိုင်း မျက်နှာကြီးမှာပျားရည်အိုးလိုက်မှောက်ချထားလို အရူးတစ်ယောက်လိုပြုံးကာ ရင်ထဲမှာလဲအစမတန်ပျော်လို့နေတာ ဘယ်သူသိမှာလဲ။ ထပ်ခေါ်တဲ့ ကလေးအသံကြားမှ ထိုအခါမှ ဇိုင်း အသိပြန်၀င်ကာ...နှုတ်ခမ်းဆူနေတဲ့ကလေးငယ်ကိုပြန်ဖြေရသည်။

"ဟင်..အင်း အင်း ကလေးပြောလေ"

"ဘာလဲ ကလေးကအဲ့လိုခေါ်တာ ကိုကိုကမကြိုက်လို့လား"

"ဟာ..မဟုတ်တာ ကလေးရယ်..ကိုကို ကဘာလို့မကြိုက်ရမှာလဲ ပျော်လွန်းလို့ခဏလောက်အံသြသွားတာပါ..အသည်းငယ်လေးရယ်..."

ဇိုင်း သုသု ခါးလေးကိုပိုတိုးပြီးဖက်ကာ မျက်နှာမှာလဲပြုံးလွန်းလို့ နားရွက်ချိတ်မတတ်ပင်။

"ဟွန့် ကလေး ကိုကို့ကိုစိတ်ဆိုးတယ်"

သုသုရဲ့စိတ်ဆိုးတယ်ဆိုတဲ့စကားကြောင့် ဇိုင်း မျက်နှာပျက်ကာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားသည်။

*ဇိုင်း နဲ ့နေစဉ်တလျှောက်.. ကလေးက ဘယ်တုန်းကမှ ဇိုင်း ကို အခုလောက်စိတ်ဆိုးတယ်လို့ ထုတ်ပြောလောက်အောင် မရှိခဲ့တာမို့ အခုတော့ ကလေးတကယ်စိတ်ဆိုးနေတာဖြစ်မယ်*

"ဘာလို့လဲကလေး..ကိုကို ဘာအမှားလုပ်မိလို့လဲ..ဟင်"

"ကိုကို့အပြစ် ကို မသိဘူးလား.."

" ကိုကို ကလေးကို ပြစ်ထားပြီး ဧည့်သည်တွေနဲ့စကားသွားပြောနေလို့လား..ဟင်"

"No.မှားတယ်.."

ဇိုင်းထပ်စဉ်းစားပေမယ့်ထွက်မလာ။စောနက ဇိုင်း ကို ပြုံးကြည့်နေတဲ့ကလေးက အကောင်းပါ။

ဇိုင်း အဖြေမှားတာကိုမကျေနပ်တဲ့ကလေးက ဇိုင်း လည်ပင်းဆီက သူ့လက်နှစ်ဖက်ကို ဆွဲဖြုတ်ပြီး ကျောပေးကာ အရှေ့ကိုဆောင့်အောင့်သွားသည်။ ကလေး ပို၍စိတ်တိုလာတာကိုတွေ့ရတော့ ဇိုင်း တစ်ယောက်ခေါင်းမီးတောက်လို့နေသည်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now