Extra အပိုင်းပို - 7

43.6K 3.3K 98
                                    

                         ( Unicode )

နှစ်နှစ်ဆိုတဲ့အချိန်အတွင်းမှာ ဦးဇိုင်းတို့မိသားစုရဲ့ပြောင်းလဲခြင်းမရှိတဲ့ အိမ်ရဲ့ဆည်းလည်းသံလေးတွေကတော့ အရင်အတိုင်းပင် ပုံမှန်ပျော်ရွင်စွာနေစမြဲပင် ။ အေးချမ်းပြီး စိတ်ချမ်းသာစရာမိသားစုဘဝလေးပေါ့ ။

သားတွေရဲ့တာဝန်နဲ့တစ်နေ့တစ်နေ့အလုပ်နဲ့လက်နဲ့မပြတ်တတ်တဲ့ ကလေးငယ် က အိမ်ထောင်တာဝန်ကိုသူအင်အားလေးနဲ့အတတ်နိုင်ဆုံးပါရမီဖြည့်သည် ။ အထူးသဖြင့် ဇိုင်းတို့သားအဖသုံးယောက်နဲ့ပက်သတ်တဲ့ တာဝန်တွေကိုတခြားတစ်ယောက်လုပ်တာမျိုးကို ကလေးငယ်မကြိုက်ပေ ။ ယခုဆိုလျှင် သားနှစ်ယောက် အသက် ၈ နှစ်ထဲရောက်နေပြီ ။ ဂုဏ်ပကာသနတွေအပေါ် တတ်မက်မှု့မရှိ လောဘမကြီးတဲ့ ဦးဇိုင်းရဲ့ကလေးငယ်ဟာ အရင်အတိုင်းပဲ ဖြူစင်နေဆဲမို့ ပိုပို၍သာချစ်လာရသည် ။

သားနှစ်ယောက်အရွယ်ရောက်လာတာနဲ့အမျှ သူတို့ရဲ့စိတ်ဓာတ်လေးတွေကလည်း တစ်စတစ်စနဲ့ပြောင်းလဲလို့လာသည်။ အထူးသဖြင့် သားကြီး ဇိုင်းသုတ ဟာ ဦးဇိုင်း နဲ့တူတယ်လို့ပြောတာဟာ ပိုသည်မဟုတ်။ ဇိုင်းသုတဟာ ငယ်ရွယ်ပေမယ့် မိသားစုအပေါ်ချစ်ခင်မှု့ နဲ့ ကာကွယ်လိုစိတ်အပြည့်ရှိနေတတ်သည်။ ဒါ့အပြင် ဇိုင်းသုတရဲ့နဂိုစိတ်ဓာတ်လေးကပြတ်သားတယ် ။ ဒေါသကြီးတယ် ။ အထူးသဖြင့် သူ့မိသားစုနဲ့ပက်သတ်တဲ့ကိစ္စလေးတွေမှာဆိုနည်းနည်းလေးတောင်အမှားမခံပေ။ အသက် ၈ နှစ်အရွယ်သာရှိသော်လည်း ထိုသို့ပြတ်သားတဲ့စိတ်ဓာတ်ရှိတဲ့ သားကြီးအပေါ် ဦးဇိုင်း ကိုယ်တိုင်လည်းအများကြီးသဘောကျလို့နေတော့သည်။

သားငယ် နှိုင်းသုတလေးကတော့ ကွာခြားတယ် ။ ပြောရရင် နှိုင်းလေးကစိတ်ထားအရမ်းနူးညံ့တယ် သူ့ပါးပါးနဲ့တူတဲ့ကလေးတစ်ယောက်မို့ ဦးဇိုင်း နဲ့ ဇိုင်းသုတ သည် နှိုင်းလေးကိုအရိပ်တကြည့်ကြည့်နဲ့ကာကွယ်ရသည်လေ။ နှိုင်းသုတလေးက သူ့အကိုကြီးနဲ့ပိုရင်းနှီးတယ်။ ဇိုင်းသုတကလည်း သူ့ညီလေးကိုမျက်စိအောက်ကအပျောက်မခံ မိဘတွေထက်ပင်ပိုရင်းနှီးတဲ့ဆက်ဆံရေးရှိတာကြောင့် သူ့ညီလေးကိုသူထိန်းကျောင်းတာများသည်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now