တစ်ချို့လူတွေ ပြောဖူးသလိုပေါ့ ~
သာမန်အချိန်တွေမှာတောင်
ဇာတ်ဆောင်တွေဟာ အမြဲလင်းလက်နေခဲ့တယ်ဆိုတာမျိုး ...

🌼🌼🌼

"ဒါနဲ့ သတင်းကြားပြီးပြီလား ... အတန်းထဲကို
ဆိုက်ကိုတစ်ယောက်ရောက်လာမယ်ဆိုတာ"

"ဘာ ... ဆိုက်ကို ... အဲ့တာဘာလဲ ရယ်ချင်စရာကြီး "

"မသိဘူးလေ ငါလဲ ကြားတဲ့အတိုင်းပြောတာပဲ .. မယုံရင် တွေ့တဲ့သူမေးကြည့်လိုက်
အခု သူတို့ကြားမှာ ဆိုက်ကိုဆိုတာပဲကြားနေရတာ"

"ရူးကြောင်ကြောင်တွေပါကွာ ... ဘာတဲ့ ..
ဆိုက်ကို ! မင်းတို့လဲရူးသွားပြီပဲ "

မှောက်အိပ်နေတဲ့ သူကိုကြည့်ပြီး ကျောင်းသားအသစ်အကြောင်းကိုပြောကာ ရိုက်ပုတ်စနောက်ပြီး ပြေးလွှားနေတဲ့ ကျောင်းသားအုပ်စုကတော့ ပထမဆုံးကျောင်းတက်တဲ့ရက်ရဲ့ ပထမဆုံးအချိန်ကို မတက်ခဲ့ ...

နာရီလက်တံတွေက ကြီးရာကနေ ငယ်ရာဆီ
ငယ်ရာကနေ ကြီးရာဆီကိုသွားရင်း ကျောင်းတက်ရတာ၂၅ ရက်မြောက်ပြည့်တဲ့နေ့ကို ရောက်လာခဲ့၏။

ကောင်လေးတစ်ယောက်ကတော့ ထုံးစံအတိုင်းမှောက်အိပ်နေသလို အုပ်စုဖြစ်နေတဲ့ ကျောင်းသားတွေကလဲ ဟေးလားဝါးလားလုပ်ရင်း ဆရာဝင်မယ့်အချိန်ကိုစောင့်နေကြတယ် ...

အတန်းချိန်စတာနဲ့ စာအုပ်အထူကြီးကိုပိုက်ပြီး တည်ငြိမ်ရင့်ကျက်စွာဝင်လာတဲ့ ဆရာ့ကိုမြင်တော့ အကုန်လုံးက နှုတ်ဆက်လိုက်သည်။
စာအုပ်ကိုဖွင့် မျက်မှန်ကိုင်းကို ပင့်တင်ရင်း Attendance ခေါ်နေတဲ့ဆရာ့အသံက တစ်ခန်းလုံးကို ဖုံးလွှမ်းနေလျက်

သူကတော့ ဒယ်ဟွာလို့ခေါ်တဲ့ ယောက်ျားလေးကျောင်းမှာ နာမည်အကြီးဆုံးနဲ့ အကြောက်ရဆုံးသော ဆရာ ရှီရှင်းပင် ...

"အားလုံးနားထောင် ... ဒီနေ့ ဒီအတန်းကိုကျောင်းသားအသစ်တစ်ယောက်ရောက်လာတယ် ..
အခု မိတ်ဆက်ပေးမှာမို့လို့ သေချာနားထောင်ကြမယ် ကြားရဲ့လား "

"ဟုတ်ကဲ့"

"ကျောင်းသားသစ် ဝင်လာလို့ရပြီ "

The Years I Love You The Most [Z×U]Where stories live. Discover now