Part 3 ( 2.3 )

3.1K 416 7
                                    

ကျူးယွင်ရှန့်နဲ့ ယှဉ်ရင် နဉ်ဝမ်ရှုရဲ့ ခန္ဓာကိုယ်က တောင့်တင်းနေပြီး သူရဲ့ခြေထောက်လေးတွေက ထွက်ပြေးဖို့ အဆင်သင့်ပြင်ထားသည်။ ဒါပေမယ့် ကျူးယွင်ရှန့်က သူ့ကို ဂရုတစိုက်ရှောင်သွားကာ သူ့ဘေးက စုတ်တံနဲ့ ဆေးစပ်တဲ့ချပ်ပြားလေးကိုပဲ ကောက်ကိုင်ပြီး တစ်ခြား ဘာအမှုအရာမှ မပြဘဲ ပန်းချီဆွဲဖို့ ပြန်ပြင်ဆင်လိုက်သည်။ နဉ်ဝမ်ရှုသည် တစ်ဖြည်းဖြည်း ကြောက်စိတ်ပြေလာပြီး ကျူးယွင်ရှန့်ရဲ့ အနားသို့ လျှောက်သွားကာ တောက်ပတဲ့မျက်လုံးလေးနဲ့ ခေါင်းလေးစောင်းငဲ့လို့ ကမ်းဗတ်ကို ကြည့်နေခဲ့သည်။

ကျူးယွင်ရှန့်သည် သူ့ခြေထောက်နားမှာ ရှိနေတဲ့ ကလေးငယ်လေးကို လုံးဝမေ့သွားခဲ့သည်။ သူက ဝေ့ရှီရန်ရဲ့ ပန်းချီအပေါ် တန်းတန်းစွဲချစ်မြတ်နိုးတဲ့စိတ်ကို အပြည့်အဝ လက်ခံထားပြီး သူ့စုတ်တံက အဆက်မပြတ် ရွေ့လျားရေးဆွဲနေခဲ့သည်။

ဝေ့ရှီရန်သည် အဓိကအချက်တွေကို ကင်းဗတ်ပေါ်မှာ တိုက်ရိုက်ဆွဲပြီးမှ တဖြည်းဖြည်းချင်း ဆေးရောင်ခြယ်တဲ့ ပန်းချီဆွဲခြင်းမှာ တော်တယ်။ ဒါပေမယ့် ကျူးယွင်ရှန့်ကတော့ ဆေးစပ်တဲ့ဆီနဲ့ ရောနှောထားတဲ့ အဖြူရောင်မဟုတ်တဲ့ ဆေးရောင်တွေကို တစ်လွှာပြီး တစ်လွှာ ရေးဆွဲရတဲ့ ရှေးကျတဲ့ ပန်းချီဆွဲခြင်းမှာ ပိုတော်တယ်။ ပထမတစ်လွှာ ခြောက်သွားမှ နောက်ထပ်တစ်လွှာ ရေးဆွဲရမှာ ဖြစ်တယ်။ အဲဒါကြောင့် ပန်းချီ စ,မဆွဲခင်ကတည်းက ကိုယ့်ရဲ့စိတ်အာရုံထဲမှာ ပန်းချီကား တစ်ကားလုံး ရေးဆွဲပြီးသားဖြစ်နေရမယ်။

တစ်လွှာချင်းစီရဲ့ ဆေးရောင်ကို ဖျော့ဖျော့လေးပဲ ရေးဆွဲထားတာကြောင့် အောက်ဆုံးကဆေးရောင်က မှိန်မှိန်လေးဖြစ်နေပြီး အပေါ်ကဆေးရောင်တွေနဲ့ ရောနှောကာ သိမ်မွေ့နက်နဲတဲ့ အရောင်စပ်တွေကို ဖြစ်ပေါ်စေသည်။ ဒါကြောင့် ဒီလိုပန်းချီဆွဲတဲ့နည်းလမ်းက အတွေ့အကြုံ ကျွမ်းကျင်နက်နဲမှု၊ အရောင်တွေရဲ့လိုက်ဖက်ညီမှုကို မှန်မှန်ကန်ကန် တိတိကျကျ နားလည်သဘောပေါက်မှု နဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေ ပိုပြီးလိုအပ်တယ်။

ဗီလိန္မာယာ / ဗီလိန်မာယာ ( Arc 2 )Where stories live. Discover now