Part 7 ( 2.7 )

3.6K 434 22
                                    

အရင်က နဉ်စစ်သည် ညသန်းခေါင်မတိုင်ခင်အထိ အိပ်ပြန်လေ့မရှိဘူး။ အခုတော့ သူရဲ့စာရွက်စာတန်းထည့်တဲ့ အိတ်ကို ပြင်ဆင်ပြီး ညနေ 5:30 နာရီ အရောက် အိမ်ပြန်လာသည်။

အချိန်ကို ကြည့်လိုက်ပြီး ချင်လီက ကလေးနှစ်ယောက်ကို မြန်မြန်ခေါ်လိုက်သည်။ လမ်းလျှောက်လာစဉ်မှာပဲ ကျောက်ကျွင့်တစ်ယောက် ကန်ဘေးနဲ့ သစ်ပင်တွေကြား ကင်မရာတွေ တပ်ဆင်နေတာကို ကျူးယွင်ရှန့် တွေ့လိုက်သည်။ တစ်ခြားတစ်ယောက်ရဲ့ ထူးဆန်းတဲ့ဝါသနာအသစ်ကို တွေးပြီး ယွင်ရှန့် သက်ပြင်းချလိုက်သည်။

နဉ်စစ် အိမ်ပြန်ရောက်ပြီး ချင်လီ အဝေးရောက်သွားတဲ့အချိန် သူ့သားရဲ့နဖူးကို နမ်းရှုပ်ရင်း " ဒီနေ့ ဘယ်လိုလဲ ဘာတွေလုပ်လဲ " မေးလိုက်သည်။ ပြီးနောက် သဘာဝကျစွာ ကောင်လေးရဲ့ပါးကို ကိုင်ပြီး အရင်ကတည်း သူတို့တွေ ရင်းနှီးကျွမ်းဝင်နေသလို နမ်းရှုပ်လိုက်သည်။

အစကတော့ ကျူးယွင်ရှန့်သည် အရမ်းအံ့သြသွားပေမယ့် ရက်ပေါင်းများစွာကြာလာတော့ သူလည်း အလေ့အကျင့်ဖြစ်နေပြီ။ နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး ဖြည်းဖြည်းလေး ခေါင်းငြိမ့်လိုက်ပေမယ့် ဘာမှတော့ ပြန်မပြောလိုက်ဘူး။ " ကျွန်တော်တို့နေ့ရက်တွေ ဘယ်လိုဆိုတာ သိထားပြီးသားမလား? " ယွင်ရှန့် စိတ်ထဲတွေးလိုက်သည်။

ကျောက်ရှင်းဖန်သည် အသံကြားလို့ အောက်ထပ်ဆင်းလာပြီး နဉ်စစ်နျန်ရဲ့ ကုတ်အင်္ကျီနဲ့ အိတ်ကို ဂရုတစိုက်ယူလိုက်သည်။ ချစ်ခင်စ ဇနီးမောင်နှံစုံတွဲလို အပြုံးကိုယ်စီဖြင့် နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ဖက်လိုက်ကြသည်။

ဒီမိသားစုမှာ နဉ်ဝမ်ရှုကလွဲလို့ ကျန်လူအားလုံး သရုပ်ဆောင်တွေပဲ။

ညစာစားပြီး သူ့သားကို အိပ်ပျော်ဖို့ ချော့မြူပြီးနောက် နဉ်စစ်နျန်သည် ဝေ့ရှီရန်နဲ့ သူ့ကြား ဆက်ဆံရေးတိုးတက်ရန် စကားပြောဖို့ သွားခဲ့ပေမယ့် ရှီရန်က အခန်းထဲဝင်သွားပြီး လော့ခ်ချထားခဲ့ပြီဖြစ်သည်။

တကယ်လို့ သူသာ အထင်မလွဲဘဲ ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့ရင် ရှီရန် သူ့ကို အရမ်းကြောက်လန့်နေမှာ မဟုတ်ဘူး။ နဉ်စစ်နျန်သည် စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ဆံပင်ကို ဖွလိုက်ပြီး စိတ်ထဲ နောင်တရနေခဲ့သည်။ ပြီး ကျောက်ရှင်းဖန်ကို အရှင်လတ်လတ် ဖျက်ဆီးဖြစ်ဖို့ မစောင့်နိုင်တော့ဘူး။ ဒါပေမယ့် ချန်ယွိက သူ့အတွက် အသုံးဝင်သေးတာကြောင့် သူ့ရဲ့မုန်းတီးမှုတွေကို ခဏ သိုဝှက်ထားလိုက်သည်။

ဗီလိန္မာယာ / ဗီလိန်မာယာ ( Arc 2 )Where stories live. Discover now