"ဝအောင်စားနော်....အများကြီးစားနော်..."

ဦးခွန်းတစ်ယောက်ဘာဖြစ်နေတာလည်း...
မနေ့ညက ခဏမတွေ့လိုက်ရတာ ချက်ချင်း
ပြောင်းလဲသွားတယ်...
ဘာဖြစ်တာလဲ သူအခုတလောဖတ်နေတဲ့
ဝတ္တုတွေထဲကလို ဝိညာဉ်ကူးပြောင်းသွား
တာများလား...
သူက ဇာတ်လိုက်မို့လို့ ကပ်ဖားနေတာလား..

အရိပ်စစ် သူ့အတွေးတွေကို ခေါင်းခါပြီး
ဖယ်ထုတ်လိုက်တယ်...
မဖြစ်တော့ဘူး သူ system ဝတ္ထုတွေ လျော့
ဖတ်မှ ဖြစ်တော့မယ် ထင်တယ်....

ခွန်းသစ်စကတော့ အရိပ်စစ်ရဲ့ အစီလျော်
မတည့်တဲ့ စိတ်ကူးတွေကို မသိရှိပါပဲ.....
သား၁၀တန်းအောင်လို့ ပျော်နေတဲ့ အမေ
အိုကြီးလို ချစ်ရည်လွှမ်းတဲ့ မျက်ဝန်းများနဲ့
အရိပ်စစ် ပန်းကန်ပြားထဲ ဟင်းဖတ်တစ်ချို့
ခက်ထည့်ပေးကာ မျက်နှာလုပ်ရင်း ပျော်ရွှင်
နေတော့သည်......

(Warning...!!!
Note-(ဆက်လက်ပြီး ro ရန်သာ ရှိသည်မို့ မကျေနပ်
ရင် ပြောပါလို့ အခန်းတွေဖြတ်ချရအောင်လို့ပါ.....)....)

ဆက်ရန်....

တနင်္လာ နေ့တော့ ကိုယ်ပြန်လာနိုင်မှာ မဟုတ်
လို့ စောင့်မနေဖို့ပြောချင်ပါတယ်..
စောင့်နေမဲ့လူတွေကို ပြောပါတယ်😂😂😂

Unicode....

အရိပ်စစ် မတားလိုက်နိုင်ခင်မှာပဲ ခွန်းသစ်စ
က တစ်ကယ်ကြီး သူ့အိမ်သူရာလို တက်နေ
နေပြီဖြစ်သည်.....
အရိပ်စစ်ရဲ့ ပြင်းပြင်းထန်ထန် ငြင်းဆန်မှု
ကြောင့်သာ ဧည့်သည်ခန်းမှာ သောင်တင်
သွားတဲ့ ခွန်းသစ်စ မျက်ဝန်းတွေက 'မင်း
အိပ်ခန်းထဲ ကိုယ်ကြိမ်းသေ ဝင်လာခဲ့မယ်´
ဆိုတဲ့ အကြည့်တွေက အရိပ်စစ် သူ့အခန်းမှာ
နေဖို့ ငြင်းလွှတ်ခဲ့သည်အား မှန်ကန်ကြောင်း
သက်သေပြနေတော့သည်....

နောက်တစ်နေ့ မနက်တွင် မည်သို့ ရင်ဆိုင်
ရမည်အား စဉ်းစားရင်း ထိုညက အရိပ်စစ်
ညဉ့်နက်မှ အိပ်ပျော်သွားခဲ့လေသည်.....

'အင်း~~~~~´

အရိပ်စစ်က အပြင်းကျောဆန့်ကာ မျက်ဝန်း
များကို ခပ်ဖြေးဖြေး ဖွင့်လာပြီးနောက် အ
မြင်အာရုံထဲ ဦးစွာ ဝင်လာသူသည် အရိပ်
စစ်ဘေးတွင် အိပ်ယာထက်ထိုင်ကာ သူ့အား
ပြုံးပြုံးကြီး ငုံ့မိုးကြည့်နေသည့် ခွန်းသစ်စ
၏ မျက်နှာကြီးပင်....

Replace(completed)Där berättelser lever. Upptäck nu