14.

6.1K 402 14
                                    


Zawgyi....

ai takute ai takute furueru
kimi omou hodo tooku kanjite
mouichido kikasete uso demo
ano hi no you ni"suki da yo" tte

တစ်ဖက်က ဖုန်းဝင်သွားပြီမို့ အနားက
Bluetooth boxလေးကို လှမ်းပိတ်လိုက်
သည်....

"သစ္စာ နေကောင်းလား ပြန်မလာသေးဘူး
လား...ဘယ်တော့ပြန်လာမှာလဲ...."

သစ္စာဖက်က ဖုန်းကိုင်လိုက်သည်နှင့်အ
ဆက်မပျက်ပြောလာသော စစ် ကြောင့်
သစ္စာက အားပါးတရရယ်လေသည်........

"ဘာလို့ရယ်နေတာလဲ သစ္စာ..."

"သစ္စာကို အဲ့လောက်တောင် လွမ်းနေ
တာလား ကိုကို ဟမ်...သစ္စာဒီမှာ နဲနဲ
လောက်ကြာအုန်းမယ် ကိုကိုရဲ့ နောက်
ပြီး၊ သစ္စာ အိမ်နဲ့ဆေးရုံပြေးနေရတာ မ
အားဘူး..."

"ဘွားမေ မသက်သာဘူးလား သစ္စာ.."

ပျော်ပျော်နေတက်သော သစ္စာထံမှ သက်
ပြင်းချသံကြားရတာကို ကြည့်တာနဲ့တင်
သစ္စာ ဘယ်လောက်ပင်ပန်းနေကြောင်း.
စစ် သိသည်....

"နှလုံးက အစားထိုးပြီးသွားလို့ ကောင်း
သွားပြီ ဆိုပေမဲ့ လူကြီးဆိုတော့ ဒဏ်မခံ
နိုင်ရှာဘူးလေ....သစ္စာကိုလည်း ဘွား
မေ ကအနားမှာ ရှိစေချင်နေတယ်ဆိုတော့
သစ္စာပြန်လာဖြစ်အုန်းမှာ မဟုတ်ဘူး ကိုကို"

"ကိုကို့ ဦးငယ်ရော လာသေးလား သစ္စာ"

"Omm ဟိုနေ့ကလေးတင် လာသွားသေး
တယ်...သစ္စာကိုလည်း ကိုကို့ အကြောင်း
တွေမေးသွားသေးတယ်...ခဏပဲ နေတာပါ
အလုပ်မှာ အရေးကြီးကိစ္စပေါ်လို့တဲ့ ပြန်သွား
တာပဲ...."

"အော်....ဦးငယ် ဖုန်းဆက်ရင် ကိုကို ဦးငယ်
ကိုပြောပြီး ဘွားမေဆီလာခဲ့မယ်လေ....."

"ရတယ် ကိုကို ဘွားမေ နဲနဲသက်သာရင်
အဲ့ဒီက ဆေးရုံမှာပဲပြောင်းထားကြမှာ
ဘွားမေက ကိုယ်နိုင်ငံမှာပဲ ကိုယ်နေချင်
တယ်တဲ့ အဲ့ကျမှ ကိုကို လာခဲ့လေ နော်.."

"အင်းလေ...အဲ့တာဆိုလည်း ကိုကို
အဲ့ကျမှလာတော့မယ်လေနော်......."

"ဒါဆို ဖုန်းချလိုက်တော့မယ်နော် ကိုကို
ဆေးရုံသွားလိုက်အုန်းမယ်...byebyeကိုကို"

စစ်က ဖုန်းလေးကို ကုတင်ပေါ် ပြစ်တင်
လိုက်ပြီး ကိုယ်ပါ အိပ်ယာထက် လှဲချ
လိုက်သည်....

Replace(completed)Where stories live. Discover now