22.

5.4K 366 6
                                    


Zawgyi...

၁နာရီလောက်ကမှ တိတ်ထားတဲ့ မိုးအခြေ
အနေကြောင့် လမ်းမပေါ်ကရေအိုင်ငယ်
လေးတွေပေါ်ကျဆင်းနေတဲ့ မိုးစက်လေး
တွေက လှိုင်းခွက်ငယ်လေးကို ဖန်တီးလို့နေ
တယ်။မိုးတိတ်သွားပြီဆိုပေမဲ့ အတိအကျကြီး
ရပ်စဲသွားတာမျိုးတော့ မဟုတ်ဘဲ ဟိုတစ်စ၊ဒီ
တစ်စ မိုးစက်လေးတွေက ကျဆင်းနေတုန်းပါပဲ။

မိုးရွာနေတုန်းက အခြေအနေလို ကောင်း
ကင်ကြီးက ညို့မှိုင်းမနေတော့ပေမဲ့ မိုးသား
ညိုညိုတို့က ဟိုတစ်ကွက်၊ဒီတစ်ကွက်ရှိနေ
တုန်းဖြစ်သည် ။ထီးရောင်စုံနဲ့သွားလာနေကြတဲ့
လူတွေ၊လွယ်အိတ်မိုးကာ ပြေးလွှားနေတဲ့
ကျောင်းသားတွေနဲ့ ဆန့်ကျင်ကာ၊ ကျောင်း
ပေါက်ဝကြီးနားမှာ မိုးဖွားတွေကြား မိန့်မိန့်
ကြီး ရပ်နေသူ တစ်ယောက်က အရိပ်စစ်
သာဖြစ်သည်။

မိုးတွင်းဘက်မှာ ထီးမယူတာ အခြားလူ
တွေအတွက် ထူးခြားချင်ထူးခြားလိမ့်မယ်
၁၂ရာသီထီးမယူတက်တဲ့ စစ် အတွက်က
တော့ အထူးအစမ်း မဟုတ်ပါ။နောက်ဆုံး
အချိန်အတော်အများကို စစ် မတက်ဖြစ်
ပေမဲ့ ဒီနေ့တော့ တစ်စုံတစ်ယောက်ကို
စောင့်ချင်တဲ့စိတ်ကြောင့် ပြည့်စုံတို့ခေါ်ရာ
ပင် မလိုက်ဖြစ်ခဲ့ပါ။

ခြေထောက်အောက်နားက သဲအစိုအချို့
ကို ခြေထောက်ထိပ်နှင့် ထိုးစွနေမိသည်။
စစ် ဝတ်ထားတဲ့ shoes အဖြူလေးကတော့
အနည်းငယ်ကြည့်ရဆိုးလောက်သည်အထိ
မည်းလို့နေလေပြီ။စစ်က သူ့ရဲ့လက်တွေကို
ဘောင်းဘီအိတ်ထဲ ထိုးထည့်ထားလိုက်ပြီး
ခေါင်းငုံ့ထားသည်။

အဆက်အသွယ် မလုပ်တော့ဘဲ ၊တောက်တဲ့လို
တွယ်ကပ်နေတက်တဲ့ လူက အသံတိတ်ပျောက်
ဆုံးသွားသည်ကြောင့် စစ် ရင်ထဲနေလို့ထိုင်လို့
သိပ်မကောင်းချင် ဖြစ်ရတော့သည်။တွေ့နေကြ
လူတစ်ယောက်ကို ခါတိုင်းလို မြင်နေချင်တာ
လား ဆိုတော့လည်း မဟုတ်။သူ့အပေါ် စိတ်
ပျက်ပြီး ထားသွားတာလားဟုပင် မသက်မဆိုင်
တွေးရင်း ရင်ပူနေမိသည်။စစ် အဖြစ်က ထွက်
ခွာဖို့ပြင်နေတဲ့ လူတစ်ယောက်ကို ဆွဲလည်းတားချင်သည် ထားမသွားဖို့လည်း မပြောချင်
သည့် လူတစ်ယောက်လိုပင်။အရိပ်စစ်က တစ်ခုခုကိုဝန်ခံဖို့ ငြင်းဆန်ချင်နေခြင်းပင်။

Replace(completed)Where stories live. Discover now