18.

5.3K 418 28
                                    

Zawgyi.. 

ခပ်ညို့ညို့မှောင်းပြလို့နေတဲ့ မိုးကောင်း
ကင်ထက်ကို မော့ကြည့်ပြီး သောက်လက်
စ အအေးခွက်လေးကို ပြန်ချလိုက်မိသည်...

"ငါညနေက ဂိမ်းဆော့ပြီး ဖုန်းအားကုန်
နေတာ စက်ပါပိတ်သွားတယ်လေ....
အဲ့ထဲက အခုမှ ငါဖုန်းပြန်ဖွင့်မိတာ..."

Powerဖွင့်ထားတဲ့ ဖုန်းလေးကို မေးငေါ့
ပြပြီး စစ်က ပြောလာသည်...အေးချမ်းက
ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ နားထောင်လို့နေသည်..

"အဲ့တာကြောင့် သစ္စာက ငါ့ကိုဖုန်း
ဆက်တာကို...သူ့အဖွားဆုံးသွားပြီ
တဲ့ စစ်...သစ္စာအဖေက သစ္စာ ကို ဟို
မှာပဲ ကျောင်းတက်ခိုင်းမယ်တဲ့.....
သိတဲ့အတိုင်း သစ္စာ၁၂နှစ်ပြည့်တဲ့ မွေး
နေ့တုန်းက ပြန်လာတာတောင်.....ငါတို့
နဲ့ မပေါင်းဖို့ပြောသွားတာ မှတ်မိတယ်မ
ဟုတ်လား....မင်းနဲ့စေ့စပ်ထားတာက
လည်း ဘွားမေကြောင့်လေ အခုဘွားမေ
ဆုံးသွားတော့ အခြေအနေသိပ်မဟန်
လောက်ဘူးတဲ့...သစ္စာလည်း စိတ်ညစ်
နေပုံပဲ...."

အေးချမ်း စကားဆုံးတော့ စစ် သက်ပြင်း
ချလိုက်မိတယ်...သစ္စာမိဘတွေက စစ်က
မိဘမဲ့ဖြစ်တာကြောင့် သဘောမတူနိုင်ဘူးလို့
ဟိုအရင်က ငြင်းခဲ့ဖူးပေမဲ့ ဘွားမေကိုမလွန်
ဆန်နိုင်တာကြောင့် သဘောတူခဲ့ခြင်းသာ..
အခုတော့ ဘွားမေက ဆုံးသွားပြီမို့ ကျောင်း
ပြောင်းခြင်းကနေစပြီး သစ္စာကို သူ့အနားက
ခွဲထုတ်သွားတော့မည်ထင်သည်....စစ်က သစ္စာ
ကို ညီမလေးတစ်ယောက်လို တစ်ကယ်ချစ်
ပါသည်.....

"ငါညကျမှ သစ္စာကို ဖုန်းဆက်လိုက်ပါဦးမယ်"

အတွေးကိုယ်စီနဲ့ စစ် တို့အတန်းချိန်တွေ
ကုန်ဆုံးခဲ့ကြသည်....အေးချမ်းနဲ့ပြည့်စုံတို့
က အရင်ပြန်နှင့်ကြပြီး၊စစ်က ခွန်းသစ်စ
လာကြိုမည်မို့ ကျောင်းရှေ့မှာ ရပ်စောင့်
နေလိုက်သည်.....

ကားစက်သံကြောင့် ဂိမ်းဆော့နေရာက
စစ်က မော့ကြည့်လာသည်....ကားဖြူလေး
က အရှေ့တည့်တည့်မှာ လာရပ်သည်မို့
စစ်က ခွန်းသစ်စ ကားပေါ်တက်လိုက်သည်...

"ကျောင်းတက်ရတာ...အဆင်ပြေတယ်
မဟုတ်လား...ကလေး..."

ခပ်တိုးတိုး ထွက်လာတဲ့ မေးသံကြောင့်
စစ်က ခွန်းသစ်စကို လှမ်းကြည့်လိုက်မိသည်..
စစ် ကို လှည့်ပြုံးပြတဲ့ ခွန်းသစ်စ အပြုံးတွေ
က နွမ်းဖတ်နေပုံရသည်.....

Replace(completed)Where stories live. Discover now