21.

5.4K 363 8
                                    

Zawgyi....

ညနေ အလုပ်ကအပြန် ကြေးအိုးဆီချက်
တစ်ပွဲဝယ်ပြီး အရိပ်စစ်ရဲ့ အိမ်ကို ခွန်းသစ်စ
လာခဲ့သည်.....

"နေကောင်းသွားပြီလား ကလေး......
ကြေးအိုးဆီချက် ဝယ်လာတယ်...လာစား"

ကြေးအိုးဆီချက် တစ်ထုပ်ကိုင်ပြီး ထမင်း
စားခန်းဘက် ဝင်သွားတဲ့ ခွန်းသစ်နောက်
ကို ဖုန်းလေးကိုင်ရင်း စစ်က လိုက်လာသည်..

"ကြေးအိုးဆီချက် တွေ ဝယ်လာတာလား
အကိုလေး...ကြီးပျိုက ဆန်ပြုတ်လုပ်ထား
တာ အအေးခံပြီး အခုလေးတင် သခင်လေး
ကို တိုက်တော့မလို့...."

"ရတယ်...ကြီးပျို ၊နှစ်ခုလုံး သားစားမယ်..
အခု ကြေးအိုးဆီချက် အရင်စားလိုက်
အုန်းမယ်..."

ခုံပေါ်စောင့်ကြောင့်ထိုင်ပြီး၊ဖုန်းအကြည့်
မပျက်တဲ့ စစ် က လက်လေးကာ ကာ ပြော
လာသည်....

"ဒီပုံအတိုင်းဆို ကြည့်ရတာ သခင်လေး
နေကောင်းသွားပြီထင်တယ်...ဟုတ်တယ်
မှတ်လား သခင်လေး..."

"ဟင်...မကောင်းသေးပါဘူး ဒီမှာစမ်းကြည့်
ပါလား...ကိုယ်တွေပူနေသေးတယ်...."

ဆန်ပြုတ်ပန်းကန် သယ်လာတဲ့ ကြီးပျိုကို
နှုတ်ခမ်းလေးဆူရင်း ပြန်ပြောနေတဲ့ စစ်
အား ပန်းကန်ထဲ ကြေးအိုးဆီချက် အသေ
အချာထည့်နေတဲ့ ခွန်းသစ်က ပြုံးကာ
မော့ကြည့်လေသည်....

"မနက်ဖြန် တနင်္ဂနွေ မဟုတ်လား...ကိုယ်
လည်းအလုပ်ပိတ်တော့ hotpotလိုက်ကျွေး
ရင် ကောင်းမလားလို့ စဉ်းစားထားတာ...
ကလေးက နေမကောင်းသေးဘူး ဆိုလည်း
ကိုယ်လိုက်မကျွေးတော့ပါဘူး...."

"အယ်..ဦးခွန်းကလည်း အဲ့လိုမလုပ်ရဘူး
လေ..အခုမကောင်းသေးပေမဲ့ မနက်ကျ
ကောင်းသွားမှာလေ..ဟီး..."

ဟော့ပေါ့ အသံကြားတာနဲ့ ချက်ချင်းပြောင်း
သွားတဲ့ စစ် ကို ကြည့်ကာ ခွန်းသစ် ခေါင်းခါ
ရင်း ရယ်နေမိသည်....

"စားနှင့်နော် သခင်လေး...ကြီးပျို အပေါ်
ထပ်သွားရှင်းလိုက်အုန်းမယ်....အကိုလေး
လည်း ကော်ဖီဖျော်သောက်ချင်သောက်
နော်...အားမနာနဲ့ ကိုယ့်အိမ်လိုသဘောထား
..ကြားလား..ကြီးပျို မိုးမချုပ်ခင် အိပ်ယာခင်း
လဲပေးလိုက်အုန်းမယ်......"

Replace(completed)Where stories live. Discover now